Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကို အသိအမှတ်မပြုလို၍ သံတမန်ဆက်ဆံရေး အဆင့်လျှော့ချရန် ဩစတြေးလျ ပြင်ဆင်

ရွေးကောက်ခံ NLD အစိုးရကို ဖြုတ်ချဖယ်ရှားခဲ့သော စစ်တပ်ကို အသိအမှတ်ပြု တရားဝင်မှုမပေးဘဲ မြန်မာနိုင်ငံရှိ ဩစတြေးလျအကျိုးစီးပွားကို ရပ်တည်ကာကွယ်နိုင်စွမ်းရှိသည့် ဝါရင့်သံတမန်ကို စေလွှတ်နိုင်လိမ့်မည်ဟု DFATက မျှော်လင့်ထားသည်။

▪️ဗြိတိန်အပါအဝင် အနောက်နိုင်ငံအများအပြားက သံတမန်ဆက်ဆံရေးအဆင့်လျှော့ချထား

ဩစတြေးလျသည် စစ်ကောင်စီကို တရားဝင်အသိ အမှတ်ပြုခြင်းမှရှောင်ရှားရန် ကြိုးပမ်းမှုအဖြစ် သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချရန်လုပ်ဆောင်နေကြောင်းABC News က ဖော်ပြသည်။

ဩစတြေးလျနိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးဌာန (DFAT)အကြီးတန်းအရာရှိ၏ ပြောကြားချက်အရ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ဟောင်း၏ နေရာကို အစားထိုးရန် လူရွေးချယ် ပြီးဖြစ်သော်လည်း သံတမန်အသစ်သည် ၎င်း၏ သံတမန်ခန့်အပ်လွှာကို စစ်ကောင်စီထံ ပေးအပ်မည်မဟုတ်ဘဲ သံရုံးတာဝန်ခံအဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

သို့သော် ဩစတြေးလျကိုယ်စားလှယ်အသစ်ကို မြန်မာနိုင်ငံသို့ သွားရောက်ခွင့်မပေးသေးဘဲ အစိုးရတာဝန်ရှိသူများက မဟာဗျူဟာကျ နည်းလမ်းကောင်းကို ကျင့်သုံးနေကြောင်း DFATက ဆိုသည်။

Public Service Announcement

Public Service Announcement

ရွေးကောက်ခံ NLD အစိုးရကို ဖြုတ်ချဖယ်ရှားခဲ့သော စစ်တပ်ကို အသိအမှတ်ပြု တရားဝင်မှုမပေးဘဲ မြန်မာနိုင်ငံရှိ ဩစတြေးလျအကျိုးစီးပွားကို ရပ်တည်ကာကွယ်နိုင်စွမ်းရှိသည့် ဝါရင့်သံတမန်ကို စေလွှတ်နိုင်လိမ့်မည်ဟု DFATက မျှော်လင့်ထားသည်။

အခြားသော အနောက်နိုင်ငံအများအပြားကလည်း စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချနေသည်။ ဗြိတိန်သံအမတ်သည်လည်း စစ်ကောင်စီခေါင်းဆောင်ကို ၎င်း၏ သံအမတ်ခန့်အပ်လွှာကို သွားရောက်မပေးအပ်လိုသဖြင့် သံရုံးတာဝန်ခံအဖြစ် ပြောင်းလဲခဲ့ရာ စစ်ကောင်စီက ၎င်းကို ပြည်ဝင်ခွင့်မပေးသေးပေ။

ဗြိတိန်သံအမတ်သည် အာဏာသိမ်းခေါင်းဆောင်ကို သွားရောက်မတွေ့ဆုံဘဲ ဗြိတိန်၏ ခန့်အပ်သံအမတ်အဖြစ် တစ်နှစ်နီးပါး ရန်ကုန်၌ တာဝန်ထမ်းဆောင်ခဲ့ပြီး အလုပ်ကိစ္စဖြင့် ပြည်ပထွက်ချိန်တွင် စစ်ကောင်စီက မြန်မာသို့ ပြန်လည်ဝင်ရောက်ခွင့်မပေးခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီခေါင်းဆောင်ကို သံအမတ်ခန့်အပ်လွှာပေးအပ်သည့် နိုင်ငံခြားသံအမတ်နှစ်ဦးသာရှိပြီး အိန္ဒိယသံအမတ်နှင့် ဆော်ဒီအာရေဗျသံအမတ်တို့ဖြစ်သည်။

လူ့အခွင့်အရေးအဖွဲ့များက ဩစတြေးလျအစိုးရသည် အာဏာသိမ်းမြန်မာစစ်တပ်ကို ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ခြင်းမရှိသည့်အတွက် အပြင်းအထန်ဝေဖန်ပြစ်တင်သော်လည်း သံတမန်ဆက်ဆံရေး လျှော့ချမည့် ယခုလုပ်ရပ်အပေါ် ချီးကျူးကြသည်။

မြန်မာအရပ်သားအစိုးရ NUG ကလည်း ဩစတြေးလျ၏ဆုံးဖြတ်ချက်ကို ချီးကျူးလိုက်ပြီး ဩ စတြေးလျရှိ မြန်မာပြည်သူများ၏ ယုံကြည်မှုကို ခိုင်မာစေလိမ့်မည်ဟု NUG ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ပြောသည်။

“စစ်ကောင်စီဟာ နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာအသိုင်းအဝန်းက အသိအမှတ်ပြုတယ်ဆိုတဲ့ သူတို့ရဲ့ ကိုယ်ပိုင်သက်သေထူဖို့အတွက် သံတမန်အခမ်းအနားတွေကို ဝါဒဖြန့်ပြီး အကျိုးရှိရှိ အသုံးချတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိနေတာပဲ”ဟု ဒေါက်တာထွန်းအောင်ရွှေက ဆိုသည်။

ဩစတြေးလျသံအမတ်ဟောင်း Andrea Faulkner သည် မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ ဧပြီက စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကိုသွားရောက်တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံမှုတွင် သံအမတ်ဟောင်းသည် မြန်မာနိုင်ငံအခြေအနေအပေါ် ဩစတြေးလျအစိုးရ၏ စိုးရိမ်ပူပန်မှုကို ထပ်လောင်းပြောကြားခဲ့ပြီး အကြမ်းဖက်မှုများရပ်တန့်ရေး၊ တရားလက်လွတ်ဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရေး၊ တွေ့ဆုံဆွေးနွေးရေးနှင့် လူသားချင်းစာနာမှုအကူအညီများ အဟန့်အတားမရှိပေးအပ်နိုင်ရေးတို့ကို တိုက်တွန်းခဲ့ကြောင်း DFAT ဒုတိယဝန်ကြီး Katrina Cooper က အထက်လွှတ် တော်ကြားနာပွဲ၌ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။