Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီကို အသိအမှတ်မပြုလို၍ သံတမန်ဆက်ဆံရေး အဆင့်လျှော့ချရန် ဩစတြေးလျ ပြင်ဆင်

ရွေးကောက်ခံ NLD အစိုးရကို ဖြုတ်ချဖယ်ရှားခဲ့သော စစ်တပ်ကို အသိအမှတ်ပြု တရားဝင်မှုမပေးဘဲ မြန်မာနိုင်ငံရှိ ဩစတြေးလျအကျိုးစီးပွားကို ရပ်တည်ကာကွယ်နိုင်စွမ်းရှိသည့် ဝါရင့်သံတမန်ကို စေလွှတ်နိုင်လိမ့်မည်ဟု DFATက မျှော်လင့်ထားသည်။

▪️ဗြိတိန်အပါအဝင် အနောက်နိုင်ငံအများအပြားက သံတမန်ဆက်ဆံရေးအဆင့်လျှော့ချထား

ဩစတြေးလျသည် စစ်ကောင်စီကို တရားဝင်အသိ အမှတ်ပြုခြင်းမှရှောင်ရှားရန် ကြိုးပမ်းမှုအဖြစ် သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချရန်လုပ်ဆောင်နေကြောင်းABC News က ဖော်ပြသည်။

ဩစတြေးလျနိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးဌာန (DFAT)အကြီးတန်းအရာရှိ၏ ပြောကြားချက်အရ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ဟောင်း၏ နေရာကို အစားထိုးရန် လူရွေးချယ် ပြီးဖြစ်သော်လည်း သံတမန်အသစ်သည် ၎င်း၏ သံတမန်ခန့်အပ်လွှာကို စစ်ကောင်စီထံ ပေးအပ်မည်မဟုတ်ဘဲ သံရုံးတာဝန်ခံအဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

သို့သော် ဩစတြေးလျကိုယ်စားလှယ်အသစ်ကို မြန်မာနိုင်ငံသို့ သွားရောက်ခွင့်မပေးသေးဘဲ အစိုးရတာဝန်ရှိသူများက မဟာဗျူဟာကျ နည်းလမ်းကောင်းကို ကျင့်သုံးနေကြောင်း DFATက ဆိုသည်။

Public Service Announcement

Public Service Announcement

ရွေးကောက်ခံ NLD အစိုးရကို ဖြုတ်ချဖယ်ရှားခဲ့သော စစ်တပ်ကို အသိအမှတ်ပြု တရားဝင်မှုမပေးဘဲ မြန်မာနိုင်ငံရှိ ဩစတြေးလျအကျိုးစီးပွားကို ရပ်တည်ကာကွယ်နိုင်စွမ်းရှိသည့် ဝါရင့်သံတမန်ကို စေလွှတ်နိုင်လိမ့်မည်ဟု DFATက မျှော်လင့်ထားသည်။

အခြားသော အနောက်နိုင်ငံအများအပြားကလည်း စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချနေသည်။ ဗြိတိန်သံအမတ်သည်လည်း စစ်ကောင်စီခေါင်းဆောင်ကို ၎င်း၏ သံအမတ်ခန့်အပ်လွှာကို သွားရောက်မပေးအပ်လိုသဖြင့် သံရုံးတာဝန်ခံအဖြစ် ပြောင်းလဲခဲ့ရာ စစ်ကောင်စီက ၎င်းကို ပြည်ဝင်ခွင့်မပေးသေးပေ။

ဗြိတိန်သံအမတ်သည် အာဏာသိမ်းခေါင်းဆောင်ကို သွားရောက်မတွေ့ဆုံဘဲ ဗြိတိန်၏ ခန့်အပ်သံအမတ်အဖြစ် တစ်နှစ်နီးပါး ရန်ကုန်၌ တာဝန်ထမ်းဆောင်ခဲ့ပြီး အလုပ်ကိစ္စဖြင့် ပြည်ပထွက်ချိန်တွင် စစ်ကောင်စီက မြန်မာသို့ ပြန်လည်ဝင်ရောက်ခွင့်မပေးခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီခေါင်းဆောင်ကို သံအမတ်ခန့်အပ်လွှာပေးအပ်သည့် နိုင်ငံခြားသံအမတ်နှစ်ဦးသာရှိပြီး အိန္ဒိယသံအမတ်နှင့် ဆော်ဒီအာရေဗျသံအမတ်တို့ဖြစ်သည်။

လူ့အခွင့်အရေးအဖွဲ့များက ဩစတြေးလျအစိုးရသည် အာဏာသိမ်းမြန်မာစစ်တပ်ကို ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ခြင်းမရှိသည့်အတွက် အပြင်းအထန်ဝေဖန်ပြစ်တင်သော်လည်း သံတမန်ဆက်ဆံရေး လျှော့ချမည့် ယခုလုပ်ရပ်အပေါ် ချီးကျူးကြသည်။

မြန်မာအရပ်သားအစိုးရ NUG ကလည်း ဩစတြေးလျ၏ဆုံးဖြတ်ချက်ကို ချီးကျူးလိုက်ပြီး ဩ စတြေးလျရှိ မြန်မာပြည်သူများ၏ ယုံကြည်မှုကို ခိုင်မာစေလိမ့်မည်ဟု NUG ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ပြောသည်။

“စစ်ကောင်စီဟာ နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာအသိုင်းအဝန်းက အသိအမှတ်ပြုတယ်ဆိုတဲ့ သူတို့ရဲ့ ကိုယ်ပိုင်သက်သေထူဖို့အတွက် သံတမန်အခမ်းအနားတွေကို ဝါဒဖြန့်ပြီး အကျိုးရှိရှိ အသုံးချတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိနေတာပဲ”ဟု ဒေါက်တာထွန်းအောင်ရွှေက ဆိုသည်။

ဩစတြေးလျသံအမတ်ဟောင်း Andrea Faulkner သည် မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ ဧပြီက စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကိုသွားရောက်တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံမှုတွင် သံအမတ်ဟောင်းသည် မြန်မာနိုင်ငံအခြေအနေအပေါ် ဩစတြေးလျအစိုးရ၏ စိုးရိမ်ပူပန်မှုကို ထပ်လောင်းပြောကြားခဲ့ပြီး အကြမ်းဖက်မှုများရပ်တန့်ရေး၊ တရားလက်လွတ်ဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရေး၊ တွေ့ဆုံဆွေးနွေးရေးနှင့် လူသားချင်းစာနာမှုအကူအညီများ အဟန့်အတားမရှိပေးအပ်နိုင်ရေးတို့ကို တိုက်တွန်းခဲ့ကြောင်း DFAT ဒုတိယဝန်ကြီး Katrina Cooper က အထက်လွှတ် တော်ကြားနာပွဲ၌ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။