Connect with us

Hi, what are you looking for?

News

တပ်မ(၆၆)မှ တပ်သားတစ်ဦး လက်နက်နှင့် KNDFထံ CDMပြုလုပ်လာ

အဆိုပါ စစ်ကောင်စီတပ်သားနှင့်ပတ်သက်သည့် အသေး စိတ်အချက်အလက်ကို သက်ဆိုင်ရာမှ ဆက် လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် ကောင်း မွန်စွာထားရှိပြီး စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သိရသည်။

(သိမ်းဆည်းရမိ​သောယာဥ်နှင့် CDM ပြုလုပ်လာ​သော စစ်​ကောင်စီတပ်သားနှင့်အတူ KNDFရဲ​ဘော်များအား ​တွေ့ရစဥ်)

▪️ဖရူဆိုတွင် စစ်ကူလာ​သောယာဥ်တိုက်ခိုက်ခံရပြီး KNDF သိမ်းဆည်း

စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ပြီးနောက် သိမ်းဆည်းရမိခဲ့သော ယာဥ်တစ်စီးနှင့် တပ်မ(၆၆)မှ CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သား တစ်ဦးကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၁၆ က ယနေ့(မေ ၂၀ရက်)က ယ​နေ့ ထုတ်ပြန် သည်။

ယခုလ ၇ ရက်က ဖရူဆိုမြို့နယ် လောကျေခူ ကျေးရွာအရောက်တွင် KNDF တပ်ရင်းနှစ်ရင်းနှင့်KA တို့ပူး​ပေါင်းတိုက်ခိုက်ပြီးနောက် စစ်ကူလာ​သော စစ်​ကောင်စီတပ်ကိုထပ်မံတိုက်ခိုက်ရာမှ သိမ်းဆည်းရမိခဲ့သည့် ယာဥ်ဖြစ် သည်။

“မေလ ၇ ရက်နေ့မှာ မိမိတို့ KNDF B- 16 နှင့် KA တို့ပူးပေါင်းပြီး စကစယာဥ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကျန်ခဲ့သည့်စကစယာဥ်ကို မေလ ၁၈ ရက်နေ့မှာသွားရောက်ပြုပြင်ပြီးမောင်းနင်လာခဲ့ပါတယ်”ဟု KNDF B -16 က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ထုတ်ပြန်ထားသော ဓာတ်ပုံမှတ်တမ်းတွင်ပါရှိသူ တစ်ဦးမှာ ကရင်နီပြည်နယ်သို့ စစ်ဆင်ရေးဝင်နေသည့် တပ်မ(၆၆)မှ တပ်သားတစ်ဦးဖြစ်ကြောင်း KNDF တာဝန်ရှိသူက ဆိုသည်။

“သူက ၁၆ရက်က ထွက်ပြေးလာပြီး မေ ၁၇ရက်က သေ နတ်တစ်လက်နဲ့အတူ KNDF တပ်ရင်း – ၁၆ ထံခိုလှုံလာတာ”ဟု ၎င်းက People’s Springသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားနှင့်ပတ်သက်သည့် အသေး စိတ်အချက်အလက်ကို သက်ဆိုင်ရာမှ ဆက် လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် ကောင်း မွန်စွာထားရှိပြီး စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook