ရွှေဘိုမြို့ ရွှေဘိုတက္ကသိုလ်အနီးရှိ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ပါဆယ်ထုတ်ပို့၍ တိုက်ခိုက်ခဲ့ကြောင်း Black Wolk PDFက အသိပေးထားသည်။
မေလ ၁၉ ရက် နံနက် ၉ နာရီ ၁၅မိနစ်တွင် တက္ကသိုလ်တက်နေသည့် ကျောင်းသားတစ်ဦး၏ အကူအညီဖြင့် ပါဆယ်ထုတ်ပို့၍ စစ်ဆေးရေးဂိတ်မှစစ်သားများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှု အတိအကျကို မသိရသေးကြောင်း ယင်းအဖွဲ့က ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။

“ပါဆယ်ထုပ်ကြောင့် ဆေးရုံကားများနှင့် စခ ကားများ လည်း လုံခြုံရေးတင်းကြပ်ထားသဖြင့် မိဘပြည်သူများလည်း အထူးဂရုစိုက်ကြပါရန် အသိပေး ထုတ်ပြန်အပ်ပါသည်ခင်ဗျာ ။” ဟု Black Wolf PDF က သတိပေးထားသည်။
ရွှေဘိုတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို မေလ ၁၉ ရက်ကပြုလုပ်ခဲ့သည်။

Public Service Announcement


















































