Connect with us

Hi, what are you looking for?

News

ရွှေဘိုတက္ကသိုလ်အနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ပါဆယ်ထုတ်ပို့၍ တိုက်ခိုက်

ရွှေဘိုတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို မေလ ၁၉ ရက်ကပြုလုပ်ခဲ့သည်။

(ရွှေဘိုတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ပြုလုပ်​နေစဥ်)

​ရွှေဘိုမြို့ ရွှေဘိုတက္ကသိုလ်အနီးရှိ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ပါဆယ်ထုတ်ပို့၍ တိုက်ခိုက်ခဲ့ကြောင်း Black Wolk PDFက အသိပေးထားသည်။

မေလ ၁၉ ရက် နံနက် ၉ နာရီ ၁၅မိနစ်တွင် ‌တက္ကသိုလ်တက်နေသည့် ကျောင်းသားတစ်ဦး၏ အကူအညီဖြင့် ပါဆယ်ထုတ်ပို့၍ စစ်ဆေးရေးဂိတ်မှစစ်သားများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှု အတိအကျကို မသိရသေးကြောင်း ယင်းအဖွဲ့က ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။

(ရွှေဘိုတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ပြုလုပ်​နေစဥ်)

“ပါဆယ်ထုပ်ကြောင့် ဆေးရုံကားများနှင့် စခ ကားများ လည်း လုံခြုံရေးတင်းကြပ်ထားသဖြင့် မိဘပြည်သူများလည်း အထူးဂရုစိုက်ကြပါရန် အသိပေး ထုတ်ပြန်အပ်ပါသည်ခင်ဗျာ ။” ဟု Black Wolf PDF က သတိပေးထားသည်။

ရွှေဘိုတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို မေလ ၁၉ ရက်ကပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စဥ့်တုံံကျေးရွာအနီးမှာ ရွှေဘိုမြို့နယ်ကို အဓိက ရေပေး​ဝေနေတဲ့ မူးကြီး(တူးမြောင်း) ကျိုးသွားလို့ စပါးခင်းတွေအတွက် ရေအခက်အခဲ ရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။