●PDF ထီးလင်း(ယောဒေ)ကကျပ်သိန်း ၁၁၀ ဂုဏ်ပြု
မကွေးတိုင်း၊ထီးလင်းမြို့မ ရဲစခန်းမှ ရဲတပ်သား (၁) ဦး သေနတ်နှစ်လက် ၊ကျည်ဆံပေါင်းရာနှင့်ချီယူဆောင်လာပြီး CDM ပြုလုပ်၍ ပြည်သူနှင့်ပူးပေါင်းလာကြောင်း ထီလင်း PDF ( ယောဒေသ) က ယနေ့သတင်းထုတ်ပြန်သည်။
ပြည်သူလူထု၏ထောက်ခံအား ပေးမှုမရှိသောအာဏာရှင်စနစ်ကို လက်မခံနိုင်၍ G-3 သေနတ် တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ G-3 ကျည် (၁၉၄) တောင့် ၊ (၄၀)မမ ကျည် တစ်လုံး၊ MK- 22 သေနတ်တစ်လက်၊ ကျည်ဘောက် တစ်ခု၊ကျည်တောင့် (၂၀) နှင့်အတူ ရဲတပ်သားမှ CDM ဝင်ရောက်လာခဲ့သည်ခြင်းဖြစ်သည်ဟုဖော်ပြထားသည်။

အဆိုပါ ရဲတပ်သားသည် ၂၀၂၁ခုနှစ် မတ်လ ၇ ရက်ကစ၍ CDM ပြုလုပ်ခဲ့သော်လဲ ပြည်သူလူထုမှ ကာကွယ်ပေးနိုင်ခြင်းမရှိသဖြင့် Non CDM အဖြစ်ဂန့်ဂေါမြို့ဂိတ်များတွင် တာဝန်ဆက်လက်ထမ်းဆောင်နေခဲ့ရကြောင်းလည်း ဖော်ပြသည်။

Public Service Announcement
သို့သော် အာဏာရှင်စနစ်ကိုမကြိုက်ပဲ PDFထဲသို့ဝင်ရောက်ရန် စိတ်အားထက်သန်နေသဖြင့်ယခုနှစ် မေ ၁၀ ရက်တွင် CDM ရဲတပ်သားအဖြစ် ဝင်ရောက်လာခဲ့ပြီးနောက် ထီးလင်းPDF (ယောဒေသ)မှကျပ်သိန်း (၁၁၀)ကိုဂုဏ်ပြုငွေအဖြစ် ချီးမြှင့်ခဲ့သည်။
ယခုအချိန်တွင် ထီးလင်းPDF တပ်ဖွဲ့ထံသို့ရောက်ရှိနေပြီး PDFထီးလင်းတပ်ဖွဲ့၏ မြေပြင်အခြေအနေများကိုမြင်တွေ့ရပြီး လေးစားမိကြောင်း၊PDF ထီးလင်း တပ်ဖွဲ့တွင်ရောက်ရှိနေရခြင်းသည် သူ့အတွက် လုံခြုံမှု အပြည့်ရှိကြောင်းCDM ရဲတပ်သားက ပြောကြားချက်ကို ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင်အဆိုပါရဲသည် NUG ၏လမ်းစဥ် မူဝါဒများကို နားမလည်သေးသော်လည်း NUG ၏လမ်းစဥ်အတိုင်းလျှောက်လှမ်းသွားမည်ဖြစ်ပြီး PDF သစ္စာဓိဌာန်ခံယူပြီး PDF-ထီးလင်းတပ်ဖွဲ့နှင့်အတူ ကျရာတာဝန်ထမ်းဆောင်သွားမည်ဟု သည်။
မေဘ ၁၈ ရက်ကလည်း မကွေးတိုင်း၊ဂန့်ဂေါခရိုင် ၊ဆေးမင်း တော ရဲစ ခန်းမှ ရဲတပ်သား (၁) ဦး လက်နက် နှင့်အတူ CDM ပြုလုပ်၍ PDF ထီးလင်း လာရောက်ခိုလှုံခဲ့သည်။


















































