Connect with us

Hi, what are you looking for?

News

ထီးလင်းမြို့မရဲစခန်းမှ ရဲတစ်ဦး ​သေနတ်နှစ်လက်၊ ကျည်ဆံနှစ်ရာ​ကျော်ဖြင့် CDM ပြုလုပ်

ပြည်သူလူထု၏ထောက်ခံအား ပေးမှုမရှိသောအာဏာရှင်စနစ်ကို လက်မခံနိုင်၍ G-3 သေနတ် တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ G-3 ကျည် (၁၉၄) တောင့် ၊ (၄၀)မမ ကျည် တစ်လုံး၊ MK- 22 ​သေနတ်တစ်လက်၊ ကျည်ဘောက် တစ်ခု၊ကျည်တောင့် (၂၀) နှင့်အတူ ရဲတပ်သားမှ CDM ဝင်ရောက်လာခဲ့သည်ခြင်းဖြစ်သည်ဟု​ဖော်ပြထားသည်။

(ပြည်သူနှင့်ပူး​ပေါင်းလာ​​​​သော ရဲတပ်သားယူ​ဆောင်လာသည့်လက်နက်ခဲယမ်းများနှင့် ၎င်းကိုဂုဏ်ပြု​ငွေ​ပေးအပ်စဥ်)

PDF ထီးလင်း(​ယော​ဒေ)ကကျပ်သိန်း ၁၁၀ ဂုဏ်ပြု

မကွေးတိုင်း၊ထီးလင်းမြို့မ ရဲစခန်းမှ ရဲတပ်သား (၁) ဦး သေနတ်နှစ်လက် ၊ကျည်​ဆံပေါင်းရာနှင့်ချီယူ​ဆောင်လာပြီး CDM ပြုလုပ်၍ ပြည်သူနှင့်ပူး​ပေါင်းလာကြောင်း ထီလင်း PDF ( ​​ယော​ဒေသ) က ယနေ့သတင်းထုတ်ပြန်သည်။

ပြည်သူလူထု၏ထောက်ခံအား ပေးမှုမရှိသောအာဏာရှင်စနစ်ကို လက်မခံနိုင်၍ G-3 သေနတ် တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ G-3 ကျည် (၁၉၄) တောင့် ၊ (၄၀)မမ ကျည် တစ်လုံး၊ MK- 22 ​သေနတ်တစ်လက်၊ ကျည်ဘောက် တစ်ခု၊ကျည်တောင့် (၂၀) နှင့်အတူ ရဲတပ်သားမှ CDM ဝင်ရောက်လာခဲ့သည်ခြင်းဖြစ်သည်ဟု​ဖော်ပြထားသည်။

(ပြည်သူနှင့်ပူး​ပေါင်းလာ​​​​သော ရဲတပ်သားယူ​ဆောင်လာသည့်လက်နက်ခဲယမ်းများနှင့် ၎င်းကိုဂုဏ်ပြု​ငွေ​ပေးအပ်စဥ်)

အဆိုပါ ရဲတပ်သားသည် ၂၀၂၁ခုနှစ် မတ်လ ၇ ရက်ကစ၍ CDM ပြုလုပ်ခဲ့သော်လဲ ပြည်သူလူထုမှ ကာကွယ်ပေးနိုင်ခြင်းမရှိသဖြင့် Non CDM အဖြစ်ဂန့်ဂေါမြို့ဂိတ်များတွင် တာဝန်ဆက်လက်ထမ်းဆောင်နေခဲ့ရကြောင်းလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

သို့သော် အာဏာရှင်စနစ်ကိုမကြိုက်ပဲ PDFထဲသို့ဝင်ရောက်ရန် စိတ်အားထက်သန်နေသဖြင့်ယခုနှစ် မေ ၁၀ ရက်တွင် CDM ရဲတပ်သားအဖြစ် ဝင်ရောက်လာခဲ့ပြီးနောက် ထီးလင်းPDF (​ယော​ဒေသ)မှကျပ်သိန်း (၁၁၀)ကိုဂုဏ်ပြုငွေအဖြစ် ချီးမြှင့်ခဲ့သည်။

ယခုအချိန်တွင် ထီးလင်းPDF တပ်ဖွဲ့ထံသို့ရောက်ရှိနေပြီး PDFထီးလင်းတပ်ဖွဲ့၏ မြေပြင်အခြေအနေများကိုမြင်တွေ့ရပြီး လေးစားမိကြောင်း၊PDF ထီးလင်း တပ်ဖွဲ့တွင်ရောက်ရှိနေရခြင်းသည် သူ့အတွက် လုံခြုံမှု အပြည့်ရှိကြောင်းCDM ရဲတပ်သားက ပြောကြားချက်ကို ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(ပြည်သူနှင့်ပူး​ပေါင်းလာ​​​​သော ရဲတပ်သားယူ​ဆောင်လာသည့်လက်နက်ခဲယမ်းများနှင့် ၎င်းကိုဂုဏ်ပြု​ငွေ​ပေးအပ်စဥ်)

ထို့အပြင်အဆိုပါရဲသည် NUG ၏လမ်းစဥ် မူဝါဒများကို နားမလည်သေးသော်လည်း NUG ၏လမ်းစဥ်အတိုင်းလျှောက်လှမ်းသွားမည်ဖြစ်ပြီး PDF သစ္စာဓိဌာန်ခံယူပြီး PDF-ထီးလင်းတပ်ဖွဲ့နှင့်အတူ ကျရာတာဝန်ထမ်းဆောင်သွားမည်ဟု သည်။

​မေဘ ၁၈ ရက်ကလည်း မကွေးတိုင်း၊ဂန့်ဂေါခရိုင် ၊ဆေးမင်း တော ရဲစ ခန်းမှ ရဲတပ်သား (၁) ဦး လက်နက် နှင့်အတူ CDM ပြုလုပ်၍ PDF ထီးလင်း လာ​ရောက်ခိုလှုံခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုကြီးနဲ့ ကြုံတွေ့အပြီးမှာတော့ တစ်နိုင်ငံလုံးက ကျောင်းတွေမှာ လုံခြုံရေး စံနှုန်းတွေ တင်းကျပ်ဖို့အတွက် မူကြမ်းအဆင့် အစီအမံသစ် ၇ ခုကို ထိုင်းအစိုးရက ညှိနှိုင်း သဘောတူခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူး ရုပ်အလောင်း တွေ့ရှိပြီး အဲဒီဒေသတိုက်ပွဲတွေအတွင်း အရာရှိ အဆင့်သေဆုံးသူ ၄ ဦးရှိပြီလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ ကျောင်းတွင်း ပစ်ခတ်မှုကို အကြောင်းပြုပြီး ထိုင်းအစိုးရဟာ ပြည်တွင်းမှာ သေနတ် ကိုင်ဆောင်ခွင့် လိုင်စင် ထုတ်ပေးမှုတွေကို ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။