Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှု ဒေါ်အောင်ဆန်းစုကြည် ကို အဂတိအမှု ၄ မှုနဲ့စွဲချက်တင်

ရန်ကုန်နဲ့ နေပြည်တော်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေနေရာရယူတာ ၊အဆောက်အအုံဌားရမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မ နဲ့အမှု ၄ မှု တရားစွဲဆိုထားတာပါ။

Photo: Getty Images

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့အဂတိမှုတွေနဲ့ စွဲချက်တင်ဖို့ တရားရုံးက ဒီနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

ရန်ကုန်နဲ့ နေပြည်တော်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေနေရာရယူတာ ၊အဆောက်အအုံဌားရမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မ နဲ့အမှု ၄ မှု တရားစွဲဆိုထားတာပါ။

ဒီအမှုတွေကို စွဲဆိုထားတဲ့ အဂတိပုဒ်မနဲ့ပဲဆက်လက်စစ်ဆေးဖို့ တရားရုံးက ဒီနေ့မှာ စွဲချက်တင်အမိန့်ချ လိုက်တာဖြစ်ပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်အမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဟာ NLD အစိုးရ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင် ၊ နေပြည်တော်ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး နဲ့ နေပြည်တော် စည်ပင်ကောင်စီကော်မတီဝင် ဦးမင်းသူတို့ကိုလည်း တရားစွဲဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

နိုင်ငံတကာ

ကော်စတာဟာ လစ်သီယမ် ဓာတ်သတ္တု တူးဖော်ခွင့် ကိစ္စတစ်ခုနဲ့ ဟိုက်ဒရိုဂျက် ဓာတ်ငွေ့စက်ရုံ ပရောဂျက် တစ်ခုကို အကြောင်းပြုပြီး အဂတိ လိုက်စားမှု အရှုပ်အထွေး စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရကြောင်း ပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ

နိုင်ငံတကာ

အဲဒီ အရာရှိတွေက လူသစ် စုဆောင်းတဲ့ လုပ်ငန်းစဉ်တွေမှာ စစ်မှုထမ်းဖို့ ရှောင်လွှဲချင်သူတွေဆီက လာဘ်ငွေယူတာ၊ ပြည်ပကို ထွက်ခွာနိုင်အောင် စီစဉ်ပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။