Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီဖွင့်​သော​ကျောင်းများတွင်မထားဘဲ ပြည်သူ့စာသင်​ကျောင်းများတွင်သာထားရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့ ပန်ကြား

အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်မည့်ကျောင်းများတွင် ပြန်လည်သင်ကြားမည့် Non-CDM ပညာရေးဝန်ထမ်းများနှင့် မြို့ပေါ်တွင်စစ်ကောင်စီပညာရေးလည်ပတ်ရန် ကူညီနေသူများကို ပြည်သူ့သစ္စာဖောက်များအဖြစ် သတ်မှတ်ပြီး အပြစ်ပေးအရေးယူမည်ဟု မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိ​ပေးထားသည်။

မင်းတပ်မြို့ ကို ၂၀၂၀ ခုနှစ်က​တွေ့ရစဥ် ။ဓါတ်ပုံ-Myanmar Skylines

ချင်းပြည်နယ် မင်းတပ်မြို့ရှိ စစ်ကောင်စီဖွင့်လှစ်သည့် ကျောင်းများတွင်ကျောင်းအပ်နှံခြင်းမပြုဘဲ မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးဖွင့်လှစ်သည့် ပြည့်သူ့စာသင်ကျောင်းများတွင်သာ အပ်နှံကြရန် မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

လက်ရှိ မင်းတပ်မြို့တွင်းအခြေအနေရ စစ်ကောင်စီက ဖွင့်လှစ်မည့်ကျောင်းများသည် လုံခြုံရေးအန္တရာယ်များရှိနေသည်ဟုလည်း မင်းတက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးသည်။

မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့ပန်ကြားချက်

ထိုကြောင့် စစ်ကောင်စီက ဖွင့်လှစ်သည့်ကျောင်းများတွင် အပ်နှံခြင်းမပြုဘဲ သားသမီးများ၏ ပညာရေးနောက်မကျစေရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးဘုတ်အဖွဲ့က ဦးစီးဖွင့်လှစ်သည့်ကျောင်းများတွင်သာ အပ်နှံကြရန် “မိဘပြည်သူများသို့ပန်ကြားချက်” ​ခေါင်းစဥ်ဖြင့်ထုတ်ပြန်ထားခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်မည့်ကျောင်းများတွင် ပြန်လည်သင်ကြားမည့် Non-CDM ပညာရေးဝန်ထမ်းများနှင့် မြို့ပေါ်တွင်စစ်ကောင်စီပညာရေးလည်ပတ်ရန် ကူညီနေသူများကို ပြည်သူ့သစ္စာဖောက်များအဖြစ် သတ်မှတ်ပြီး အပြစ်ပေးအရေးယူမည်ဟု မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

ထိုကြောင့် မင်းတပ်မြို့နယ်အတွင်း လည်ပတ်မည့် စာသင်ကျောင်းများသည် အကြမ်းဖက်စစ်ကောင်စီနှင့် ချိတ်ဆက်ခြင်းမပြုကြရန်ဟု မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။