Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီဖွင့်​သော​ကျောင်းများတွင်မထားဘဲ ပြည်သူ့စာသင်​ကျောင်းများတွင်သာထားရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့ ပန်ကြား

အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်မည့်ကျောင်းများတွင် ပြန်လည်သင်ကြားမည့် Non-CDM ပညာရေးဝန်ထမ်းများနှင့် မြို့ပေါ်တွင်စစ်ကောင်စီပညာရေးလည်ပတ်ရန် ကူညီနေသူများကို ပြည်သူ့သစ္စာဖောက်များအဖြစ် သတ်မှတ်ပြီး အပြစ်ပေးအရေးယူမည်ဟု မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိ​ပေးထားသည်။

မင်းတပ်မြို့ ကို ၂၀၂၀ ခုနှစ်က​တွေ့ရစဥ် ။ဓါတ်ပုံ-Myanmar Skylines

ချင်းပြည်နယ် မင်းတပ်မြို့ရှိ စစ်ကောင်စီဖွင့်လှစ်သည့် ကျောင်းများတွင်ကျောင်းအပ်နှံခြင်းမပြုဘဲ မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးဖွင့်လှစ်သည့် ပြည့်သူ့စာသင်ကျောင်းများတွင်သာ အပ်နှံကြရန် မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

လက်ရှိ မင်းတပ်မြို့တွင်းအခြေအနေရ စစ်ကောင်စီက ဖွင့်လှစ်မည့်ကျောင်းများသည် လုံခြုံရေးအန္တရာယ်များရှိနေသည်ဟုလည်း မင်းတက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးသည်။

မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့ပန်ကြားချက်

ထိုကြောင့် စစ်ကောင်စီက ဖွင့်လှစ်သည့်ကျောင်းများတွင် အပ်နှံခြင်းမပြုဘဲ သားသမီးများ၏ ပညာရေးနောက်မကျစေရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးဘုတ်အဖွဲ့က ဦးစီးဖွင့်လှစ်သည့်ကျောင်းများတွင်သာ အပ်နှံကြရန် “မိဘပြည်သူများသို့ပန်ကြားချက်” ​ခေါင်းစဥ်ဖြင့်ထုတ်ပြန်ထားခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်မည့်ကျောင်းများတွင် ပြန်လည်သင်ကြားမည့် Non-CDM ပညာရေးဝန်ထမ်းများနှင့် မြို့ပေါ်တွင်စစ်ကောင်စီပညာရေးလည်ပတ်ရန် ကူညီနေသူများကို ပြည်သူ့သစ္စာဖောက်များအဖြစ် သတ်မှတ်ပြီး အပြစ်ပေးအရေးယူမည်ဟု မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

ထိုကြောင့် မင်းတပ်မြို့နယ်အတွင်း လည်ပတ်မည့် စာသင်ကျောင်းများသည် အကြမ်းဖက်စစ်ကောင်စီနှင့် ချိတ်ဆက်ခြင်းမပြုကြရန်ဟု မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။