Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်မှုထမ်း အသက်အရွယ် ကန့်သတ် ဥပဒေကို ရုရှား လွှတ်တော် ပယ်ဖျက်

ရုရှားက ယူကရိန်းမှာ ကျူးကျော်စစ် စတင်ချိန် ကတည်းက စစ်သည် ၁၀၀၀ ကျော် အသေအပျောက် ရှိခဲ့ကြောင်း ကြေညာထားပါတယ်။ ယူကရိန်းဖက်ကတော့ ရုရှားဖက်က ထိခိုက်သေကြေမှုဟာ သောင်းဂဏန်းထိ များပြားလိမ့်မယ်လို့ တုံ့ပြန်ထားပါတယ်။

စစ်မှုထမ်းဖို့ အသက်အရွယ် ကန့်သတ်ထားတဲ့ ဥပဒေကို ရုရှား လွှတ်တော်ကို ပယ်ဖျက်လိုက်ကြောင်း သိရပါတယ်။

ဒါဟာ ယူကရိန်းနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွက် စစ်တပ်မှာ လူသစ်တွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် စုဆောင်းနိုင်ဖို့ ရည်ရွယ်ထားတဲ့ လုပ်ဆောင်မှု တစ်ခုလို့ ယူဆရပါတယ်။ တစ်ချိန်တည်းမှာပဲ စစ်ပွဲကြောင့် ရုရှား စစ်တပ်ရဲ့ စုဖွဲ့မှု အင်အားအပေါ် အထိနာစေတဲ့ သက်ရောက်မှုတွေ ရှိနေကြောင်း မြင်သာလာစေပါတယ်။

လက်ရှိ ရုရှားရဲ့ ဥပဒေတွေအရ အသက် ၁၈ နှစ်နဲ့ ၄၀ ကြား ရုရှား နိုင်ငံသားတွေရယ်၊ အသက် ၁၈ နှစ်နဲ့ ၃၀ ကြား နိုင်ငံခြားသားတွေရယ်ဟာ စစ်မှုထမ်း စာချုပ်တွေ ချုပ်ဆိုခွင့် ရှိကြပါတယ်။ အခုတော့ အထက်လွှတ်တော်၊ အောက်လွှတ်တော် နှစ်ရပ်စလုံးက စစ်မှုထမ်း အသက် ကန့်သတ်ချက်ကို ပယ်ဖျက်ဖို့ လိုအပ်ကြောင်း ထောက်ခံ အတည်ပြုပေးလိုက်ပါတယ်။

ရုရှားက ယူကရိန်းမှာ ကျူးကျော်စစ် စတင်ချိန် ကတည်းက စစ်သည် ၁၀၀၀ ကျော် အသေအပျောက် ရှိခဲ့ကြောင်း ကြေညာထားပါတယ်။ ယူကရိန်းဖက်ကတော့ ရုရှားဖက်က ထိခိုက်သေကြေမှုဟာ သောင်းဂဏန်းထိ များပြားလိမ့်မယ်လို့ တုံ့ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

လက်နက်ကိုင် တပ်ဖွဲ့တွေကို အင်အား တိုးချဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာနကို ကူညီပေးဖို့ လိုအပ်လာပြီ ဖြစ်တယ်လို့ သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ရုပ်သေး တစ်ဦးအဖြစ် သတ်မှတ် ခံရသူ ရုရှား လွှတ်တော် ဥက္ကဋ္ဌ ဗီယက်ချက်စ်လက်ဗ် ဗိုလိုဒင်က ဒူးမား လွှတ်တော် အစည်းအဝေးမှာ ပြောကြားသွားပါတယ်။

ရုရှား အာဏာပိုင်တွေက သူတို့ဟာ တရားဝင် ခန့်အပ်ထားပြီး ကိုယ်တိုင် စိတ်ဆန္ဒအလျောက် အဆိုပြုတဲ့ စစ်သည်တွေကိုသာ ယူကရိန်း စစ်မြေပြင်ဆီ စေလွှတ်ကြောင်း ပြောပါတယ်။ ဒါပေမဲ့ စစ်ပွဲ အစပိုင်းမှာတော့ စစ်မှု မထမ်းမနေရ တာဝန်နဲ့ တပ်ထဲ ရောက်နေသူ တချို့ပါ ရောနှောပြီး စစ်မြေပြင်ကို ရောက်သွားခဲ့ကြောင်း ဝန်ခံထားပါတယ်။ ရုရှားမှာ ကျန်းမာ သန်စွမ်းတဲ့ အမျိုးသားတိုင်းဟာ အသက် ၁၈ နှစ်နဲ့ ၂၇ နှစ်အတွင်း မဖြစ်မနေ တစ်နှစ်ကြာ စစ်မှုထမ်းဖို့ ဥပဒေ သတ်မှတ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

Facebook