Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

စစ်မှုထမ်း အသက်အရွယ် ကန့်သတ် ဥပဒေကို ရုရှား လွှတ်တော် ပယ်ဖျက်

ရုရှားက ယူကရိန်းမှာ ကျူးကျော်စစ် စတင်ချိန် ကတည်းက စစ်သည် ၁၀၀၀ ကျော် အသေအပျောက် ရှိခဲ့ကြောင်း ကြေညာထားပါတယ်။ ယူကရိန်းဖက်ကတော့ ရုရှားဖက်က ထိခိုက်သေကြေမှုဟာ သောင်းဂဏန်းထိ များပြားလိမ့်မယ်လို့ တုံ့ပြန်ထားပါတယ်။

စစ်မှုထမ်းဖို့ အသက်အရွယ် ကန့်သတ်ထားတဲ့ ဥပဒေကို ရုရှား လွှတ်တော်ကို ပယ်ဖျက်လိုက်ကြောင်း သိရပါတယ်။

ဒါဟာ ယူကရိန်းနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွက် စစ်တပ်မှာ လူသစ်တွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် စုဆောင်းနိုင်ဖို့ ရည်ရွယ်ထားတဲ့ လုပ်ဆောင်မှု တစ်ခုလို့ ယူဆရပါတယ်။ တစ်ချိန်တည်းမှာပဲ စစ်ပွဲကြောင့် ရုရှား စစ်တပ်ရဲ့ စုဖွဲ့မှု အင်အားအပေါ် အထိနာစေတဲ့ သက်ရောက်မှုတွေ ရှိနေကြောင်း မြင်သာလာစေပါတယ်။

လက်ရှိ ရုရှားရဲ့ ဥပဒေတွေအရ အသက် ၁၈ နှစ်နဲ့ ၄၀ ကြား ရုရှား နိုင်ငံသားတွေရယ်၊ အသက် ၁၈ နှစ်နဲ့ ၃၀ ကြား နိုင်ငံခြားသားတွေရယ်ဟာ စစ်မှုထမ်း စာချုပ်တွေ ချုပ်ဆိုခွင့် ရှိကြပါတယ်။ အခုတော့ အထက်လွှတ်တော်၊ အောက်လွှတ်တော် နှစ်ရပ်စလုံးက စစ်မှုထမ်း အသက် ကန့်သတ်ချက်ကို ပယ်ဖျက်ဖို့ လိုအပ်ကြောင်း ထောက်ခံ အတည်ပြုပေးလိုက်ပါတယ်။

ရုရှားက ယူကရိန်းမှာ ကျူးကျော်စစ် စတင်ချိန် ကတည်းက စစ်သည် ၁၀၀၀ ကျော် အသေအပျောက် ရှိခဲ့ကြောင်း ကြေညာထားပါတယ်။ ယူကရိန်းဖက်ကတော့ ရုရှားဖက်က ထိခိုက်သေကြေမှုဟာ သောင်းဂဏန်းထိ များပြားလိမ့်မယ်လို့ တုံ့ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

လက်နက်ကိုင် တပ်ဖွဲ့တွေကို အင်အား တိုးချဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာနကို ကူညီပေးဖို့ လိုအပ်လာပြီ ဖြစ်တယ်လို့ သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ရုပ်သေး တစ်ဦးအဖြစ် သတ်မှတ် ခံရသူ ရုရှား လွှတ်တော် ဥက္ကဋ္ဌ ဗီယက်ချက်စ်လက်ဗ် ဗိုလိုဒင်က ဒူးမား လွှတ်တော် အစည်းအဝေးမှာ ပြောကြားသွားပါတယ်။

ရုရှား အာဏာပိုင်တွေက သူတို့ဟာ တရားဝင် ခန့်အပ်ထားပြီး ကိုယ်တိုင် စိတ်ဆန္ဒအလျောက် အဆိုပြုတဲ့ စစ်သည်တွေကိုသာ ယူကရိန်း စစ်မြေပြင်ဆီ စေလွှတ်ကြောင်း ပြောပါတယ်။ ဒါပေမဲ့ စစ်ပွဲ အစပိုင်းမှာတော့ စစ်မှု မထမ်းမနေရ တာဝန်နဲ့ တပ်ထဲ ရောက်နေသူ တချို့ပါ ရောနှောပြီး စစ်မြေပြင်ကို ရောက်သွားခဲ့ကြောင်း ဝန်ခံထားပါတယ်။ ရုရှားမှာ ကျန်းမာ သန်စွမ်းတဲ့ အမျိုးသားတိုင်းဟာ အသက် ၁၈ နှစ်နဲ့ ၂၇ နှစ်အတွင်း မဖြစ်မနေ တစ်နှစ်ကြာ စစ်မှုထမ်းဖို့ ဥပဒေ သတ်မှတ်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မောင်ထွန်းအားကျရခြင်းမှာ စစ်တပ်၏ စစ်မှုမထမ်းမနေရ ဥပဒေနှင့် ထိုလူငယ်များ လက်တလော လွတ်မြောက်သွားခြင်းကြောင့် ဖြစ်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

ဆောင်းပါး

ဒီးဒီ/People’s Spring မတ်လ၏ အပူဒဏ်ကို နေရာအတော်များများ ခံစားရသော်လည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ဟောင်းသရောမြစ် အနီးတွင်တော့ အအေးဓာတ်ရနေပါသည်။ ညပိုင်းနှင့် နံနက်ခင်းတို့တွင် ဖြစ်၏။ ထိုအချိန်ပိုင်းတွင် အနွေးထည် ခပ်ပါးပါးဝတ်ထားရသည်အထိ အအေးဓာတ်ရှိပါသည်။ နံနက်ခင်း အာရုဏ်တက်ချိန် ရောက်သည်နှင့် အဆိုပါ ဟောင်းသရောမြစ်ကမ်းဘေး တနေရာ၌...