Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်သင်္ဘော သုံးစီးကို ယနေ့တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ သေဆုံးမှုရှိနိုင်ဟု ကသာ(ပကဖ) ထုတ်ပြန်

ကသာ(ပကဖ)၏ တပ်ခွဲများဖြစ်သော ဗိုလ်မိုက် ဦးဆောင်သည့် အရှေ့ဘက်ကမ်း ပကဖ ၊ မိုးတား (ပကဖ) ဗိုလ်သာလိကာအဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရင်း (၁၂) မဟာမိတ်ပူးပေါင်း တပ်များက ၁၀၇ ရှော့တိုက်ဒုံး ငါးလုံးဖြင့် ပစ်ခတ်ခဲ့ရာ သင်္ဘော တစ်စီးအား ၂လုံး ထိမှန်ခဲ့သည်ဟု ဖော်ပြသည်။

(ပုံအ​ဟောင်းကို အသုံးပြုထားပါသည်။)

▪️KIAနှင့် ပူးပေါင်းပြီး ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ရာ နှစ်လုံးထိမှန်ခဲ့ဟု အသိပေး

အာဏာသိမ်းစစ်ကောင်စီတပ်၏ သင်္ဘော သုံးစီးကို ယနေ့ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ သင်္ဘောထိခိုက်မှုရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်နိုင်ကြောင်း ကသာ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ် ပြန်သည်။

ယနေ့ (မေလ ၂၇ရက်) နံနက် ၇နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားဒေသမှ ထွက်လာသည့် စစ်သင်္ဘော သုံးစီးကို စစ်ရေးအရ ကျွန်းအမည်ဖော်ပြ၍ မရသည့်ကျွန်းမှနေ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။

ကသာ(ပကဖ)၏ တပ်ခွဲများဖြစ်သော ဗိုလ်မိုက် ဦးဆောင်သည့် အရှေ့ဘက်ကမ်း ပကဖ ၊ မိုးတား (ပကဖ) ဗိုလ်သာလိကာအဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရင်း (၁၂) မဟာမိတ်ပူးပေါင်း တပ်များက ၁၀၇ ရှော့တိုက်ဒုံး ငါးလုံးဖြင့် ပစ်ခတ်ခဲ့ရာ သင်္ဘော တစ်စီးအား ၂လုံး ထိမှန်ခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တစ်လုံးမှာ သင်္ဘောခါးလည်ကို တိတိကျကျ ထိမှန်ခဲ့၍ ပေါက်ကွဲမှု အနည်းငယ်ဖြစ်ပြီး မီးခိုးများ အူထွက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်များ အကျအဆုံးရှိနိုင်ကြောင်း ကသာ(ပကဖ)က ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီ၏ လက်နက်ရိက္ခာတင် စစ်သင်္ဘော သုံးစီးသည် မေလ ၂၅ရက်တွင် ကသာမြို့မှ ဆန်တက်လာရာ ယင်းနေ့ မွန်းလွဲပိုင်း၌ ကသာ- အထက်ဘက်ဝဲကြီးရွာ နှင့် သံပုရာကုန်းရွာကြားတွင် ဒေသကာကွယ်ရေးတပ်များက ရှော့တိုက်ဒုံး ၂လုံး အပါအဝင် လက်လုပ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ မြို့လှ PDFက ထုတ်ပြန်ထားသည်။ ထိုသို့ ပစ်ခတ်မှုကြောင့် သင်္ဘောတစ်စီးထိမှန်ပြီး စက်ချို့ယွင်းသွား၍ ကျန်သင်္ဘောဖြင့် တွဲကာ မိုးတားလေးဆိပ်ကမ်း၌ ဆိုက်ကပ်ထားခဲ့ရသည်ဟု ထိုစဉ်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ စစ်ကောင်စီ သင်္ဘောလုံခြုံရေး ဆောင်ရွက်နေသည့် ခြေလျင်စစ်ကြောင်းများနှင့် ပြည်သူ့ကာကွယ် ရေးတပ်များအကြားတွင်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထိတွေ့တိုက်ခိုက် အချို့ဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်