Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ မိုင်းရှင်းမည့်ရှေ့ပြေးအဖွဲ့ မိုင်းဆွဲခံရပြီး ငါးဦးသေ၊ စစ်ကူလာသော ကားမိုင်းမိပျက်စီး

“စစ်ကောင်စီကို ပြောက်ကျားစနစ်နဲ့ဆက်လက်တိုက်ခိုက်သွားမှာမို့ ပြည်သူများအနေနဲ့ စစ်ဧရိယာများကို ရှောင်ကွင်းသွားလာနေထိုင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု DGF-LC မှ တော် လှန်ရေးရဲဘော်တစ်ဦးက အသိပေးသည်။

(ဒီမိုကရက်တက်ပြောက်ကျားတပ်ဖွဲ့(အောက်ချင်းတွင်း)DGF-LC ရဲဘော်များအား တွေ့ရစဥ်)

စစ်ကောင်စီတပ်မှ မိုင်းရှင်းရန်လာသော ရှေ့ပြေးအဖွဲ့မိုင်းဆွဲတိုက်ခိုက်ခံရသည့်အပြင် စစ်ကူလာသည်ကားပါ မိုင်းမိပျက်စီးသွားကြောင်း ဒီမိုကရက်တက်ပြောက်ကျားတပ်ဖွဲ့(အောက်ချင်းတွင်း)DGF-LC က ယနေ့(မေ ၂၇)တွင် ထုတ်ပြန်သည်။

ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် မုံရွာ-အမြင့်လမ်း ထနောင်းတောမြောက်ရွာမှ မြို့တွင်းပြန်ဝင်မည့် အင်အား ၁၂ ဦးခန့်ပါ စစ်ကောင်စီတပ် မိုင်းရှင်းလင်းရေး ရှေ့ပြေးအဖွဲ့ကို ရွှေစုံမှန်ကျောင်းတိုက် အနောက်ဘက်လမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ရန်သူ့စစ်ကြောင်း မိုင်းတွင်းထဲရောက်ချိန် ဖောက်ခွဲခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သား အနည်းဆုံးငါးဦးသေဆုံးသွားသည်ဟု ထုတ်ပြန်သည်။

အလားတူ မုံရွာ-အမြင့်လမ်း အခင်းဖြစ်နေရာသို့ မြို့တွင်းမှ စစ်ကူလာသော စစ်ကားကို ယင်းနေ့နေ့လယ် ၁၂ နာရီတွင် ညောင်ပင်သာသချိုင်း အနောက်ဘက်လမ်းပိုင်းတွင် မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးသွားပြီး ထိခိုက်သေဆုံးမှုအား အတည်ပြုစုံစမ်းဆဲ့ဖြစ်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ တိုက်ခိုက်မှုဖြစ်စဥ်များတွင် ရန်သူ့တပ်မှ ရမ်းသမ်းပစ်ခတ်သောကြောင့် ပြည်သူတစ်ဦးအသက်ဆုံးပါးခဲ့ရသည်ကို ကြားသိရ၍ ဝမ်းနည်းစိတ်မကောင်းဖြစ်မိကြောင်း ဖော်ပြသည်။

Public Service Announcement

“စစ်ကောင်စီကို ပြောက်ကျားစနစ်နဲ့ဆက်လက်တိုက်ခိုက်သွားမှာမို့ ပြည်သူများအနေနဲ့ စစ်ဧရိယာများကို ရှောင်ကွင်းသွားလာနေထိုင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု DGF-LC မှ တော် လှန်ရေးရဲဘော်တစ်ဦးက အသိပေးသည်။

ယခုကာလသည် အကြမ်းဖက်စစ်ကောင်စီတပ်၏ အကြမ်းဖက်သတ်ဖြတ်မှု အမြင့်ဆုံးအနေအထားသစ်ကို ရောက်ရှိနေပြီး အသက်တစ်ချောင်းမဆိုထားနှင့် တစ်ရွာလုံးပါ နေ့မြင် ညပျောက်အခြေအနေဖြစ်နေသောကြောင့် နိုးကြားသောစိတ်ဖြင့် နေထိုင်ကြရန် မေတ္တာရပ်ခံထားသည်။

ယမန်နေ့ (မေလ ၂၆ ရက်) နံနက်ပိုင်းက မုံရွာမြို့နယ်၊ ကျောက္ကာတောင်ကျေးရွာတွင် ကလေးများကျောင်းအပ်ရန် တစ်အိမ်တက်ဆင်းလိုက်ပြောနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များ တိုက်ခိုက်ခံခဲ့ရသေးသည်။

ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်ကလည်း DRPA မြို့ပြပြောက်ကျားရဲဘော်များနှင့်ညီနောင်မဟာမိတ် M.A.C.T ထောက်ပို့တပ်တို့ ပူးပေါင်း၍ မုံရွာမြို့ရှိ ပြည်ထောင်စုလမ်း ကားလေးကွင်းတောင်ဘက် ရှိ စကစထောက်တိုင် ဒလံတစ်ဦးနေအိမ်အားလည်းကောင်း၊ ထန်းတောကျွန်းဆွယ်ရပ်ရှိ ထောက်လှမ်းရေပြုတ် ဒလံတစ်ဦးနေအိမ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စုအား လည်းကောင်း လက်ပစ်ဗုံးတစ်လုံးစီဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းအဖွဲ့များက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။