Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ မိုင်းရှင်းမည့်ရှေ့ပြေးအဖွဲ့ မိုင်းဆွဲခံရပြီး ငါးဦးသေ၊ စစ်ကူလာသော ကားမိုင်းမိပျက်စီး

“စစ်ကောင်စီကို ပြောက်ကျားစနစ်နဲ့ဆက်လက်တိုက်ခိုက်သွားမှာမို့ ပြည်သူများအနေနဲ့ စစ်ဧရိယာများကို ရှောင်ကွင်းသွားလာနေထိုင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု DGF-LC မှ တော် လှန်ရေးရဲဘော်တစ်ဦးက အသိပေးသည်။

(ဒီမိုကရက်တက်ပြောက်ကျားတပ်ဖွဲ့(အောက်ချင်းတွင်း)DGF-LC ရဲဘော်များအား တွေ့ရစဥ်)

စစ်ကောင်စီတပ်မှ မိုင်းရှင်းရန်လာသော ရှေ့ပြေးအဖွဲ့မိုင်းဆွဲတိုက်ခိုက်ခံရသည့်အပြင် စစ်ကူလာသည်ကားပါ မိုင်းမိပျက်စီးသွားကြောင်း ဒီမိုကရက်တက်ပြောက်ကျားတပ်ဖွဲ့(အောက်ချင်းတွင်း)DGF-LC က ယနေ့(မေ ၂၇)တွင် ထုတ်ပြန်သည်။

ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် မုံရွာ-အမြင့်လမ်း ထနောင်းတောမြောက်ရွာမှ မြို့တွင်းပြန်ဝင်မည့် အင်အား ၁၂ ဦးခန့်ပါ စစ်ကောင်စီတပ် မိုင်းရှင်းလင်းရေး ရှေ့ပြေးအဖွဲ့ကို ရွှေစုံမှန်ကျောင်းတိုက် အနောက်ဘက်လမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ရန်သူ့စစ်ကြောင်း မိုင်းတွင်းထဲရောက်ချိန် ဖောက်ခွဲခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သား အနည်းဆုံးငါးဦးသေဆုံးသွားသည်ဟု ထုတ်ပြန်သည်။

အလားတူ မုံရွာ-အမြင့်လမ်း အခင်းဖြစ်နေရာသို့ မြို့တွင်းမှ စစ်ကူလာသော စစ်ကားကို ယင်းနေ့နေ့လယ် ၁၂ နာရီတွင် ညောင်ပင်သာသချိုင်း အနောက်ဘက်လမ်းပိုင်းတွင် မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးသွားပြီး ထိခိုက်သေဆုံးမှုအား အတည်ပြုစုံစမ်းဆဲ့ဖြစ်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ တိုက်ခိုက်မှုဖြစ်စဥ်များတွင် ရန်သူ့တပ်မှ ရမ်းသမ်းပစ်ခတ်သောကြောင့် ပြည်သူတစ်ဦးအသက်ဆုံးပါးခဲ့ရသည်ကို ကြားသိရ၍ ဝမ်းနည်းစိတ်မကောင်းဖြစ်မိကြောင်း ဖော်ပြသည်။

Public Service Announcement

“စစ်ကောင်စီကို ပြောက်ကျားစနစ်နဲ့ဆက်လက်တိုက်ခိုက်သွားမှာမို့ ပြည်သူများအနေနဲ့ စစ်ဧရိယာများကို ရှောင်ကွင်းသွားလာနေထိုင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု DGF-LC မှ တော် လှန်ရေးရဲဘော်တစ်ဦးက အသိပေးသည်။

ယခုကာလသည် အကြမ်းဖက်စစ်ကောင်စီတပ်၏ အကြမ်းဖက်သတ်ဖြတ်မှု အမြင့်ဆုံးအနေအထားသစ်ကို ရောက်ရှိနေပြီး အသက်တစ်ချောင်းမဆိုထားနှင့် တစ်ရွာလုံးပါ နေ့မြင် ညပျောက်အခြေအနေဖြစ်နေသောကြောင့် နိုးကြားသောစိတ်ဖြင့် နေထိုင်ကြရန် မေတ္တာရပ်ခံထားသည်။

ယမန်နေ့ (မေလ ၂၆ ရက်) နံနက်ပိုင်းက မုံရွာမြို့နယ်၊ ကျောက္ကာတောင်ကျေးရွာတွင် ကလေးများကျောင်းအပ်ရန် တစ်အိမ်တက်ဆင်းလိုက်ပြောနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များ တိုက်ခိုက်ခံခဲ့ရသေးသည်။

ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်ကလည်း DRPA မြို့ပြပြောက်ကျားရဲဘော်များနှင့်ညီနောင်မဟာမိတ် M.A.C.T ထောက်ပို့တပ်တို့ ပူးပေါင်း၍ မုံရွာမြို့ရှိ ပြည်ထောင်စုလမ်း ကားလေးကွင်းတောင်ဘက် ရှိ စကစထောက်တိုင် ဒလံတစ်ဦးနေအိမ်အားလည်းကောင်း၊ ထန်းတောကျွန်းဆွယ်ရပ်ရှိ ထောက်လှမ်းရေပြုတ် ဒလံတစ်ဦးနေအိမ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စုအား လည်းကောင်း လက်ပစ်ဗုံးတစ်လုံးစီဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းအဖွဲ့များက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။