Connect with us

Hi, what are you looking for?

သတင်း

ထောက်ပို့တဲများကို စစ်​ကောင်စီတပ်ဖြိုးခွဲရန်ချဥ်းကပ်လာစဥ်တိုက်မိုင်းအသုံးပြု​ဖောက်ခွဲ၍ ​အောင်မြင်စွာဆုတ်ခွာဟုPDF(က​လေး)​ပြော

“မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတချို့ ဆုံးရှုံးတယ်လို့ကြားရပါတယ်၊ လူကော၊ လက်နက်ကော ဆုံးရှုံးတာမကြားမိသေးဘူး”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

(စစ်​ကောင်စီတပ်က ​ထောက်ပို့တဲအချို့နှင့် ပြည်သူ့​နေအိမ်များကို မီးရှို့ခဲ့သည်။ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က ​ထောက်ပို့တဲအချို့နှင့် ပြည်သူ့​နေအိမ်များကို မီးရှို့ခဲ့သည်။ ။ဓါတ်ပုံ-CJ)

အင်အား ၁၅၀ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းက PDF(ကလေး) တပ်ရင်း-၂၏ ​ထောက်ပို့တဲများကို ဖြိုခွင်းရန်ကြိုးစားခဲ့သောကြောင့် တိုက်မိုင်းသုံး တိုက်ခိုက်ခဲ့ပြီး လူသူလက်နက် ဆုံးရှုံးခြင်းမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း PDF
(ကလေး)က သတင်းထုတ်ပြန်သည်။

တိုက်မိုင်းသည် ပေါက်ကွဲအားပြင်းထန်ခြင်းကြောင့် စစ်ကောင်စီတပ်သား ၅ဦးခန့် ထိခိုက်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

(စစ်​ကောင်စီတပ်က ​ထောက်ပို့တဲအချို့နှင့် ပြည်သူ့​နေအိမ်များကို မီးရှို့ခဲ့သည်။ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က ​ထောက်ပို့တဲအချို့နှင့် ပြည်သူ့​နေအိမ်များကို မီးရှို့ခဲ့သည်။ ။ဓါတ်ပုံ-CJ)

စစ်ကောင်စီတပ်သည့် ယမန့်နေ့( မေ ၂၉ ရက်)တွင် PDF(ကလေး)တပ်ရင်း ၂ ၏ ထောက်ပို့တဲသုံးလုံးနှင့် ထောက်ကြန့်ရွာသစ်ကျေးရွာမှာ ပြည်သူနေအိမ် လေးလုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆသည်။

Public Service Announcement

“PDF-Kalay ( B02 )၊ CDF – KKG၊ ပ.က.ဖ နှင့် ရွာခံများပူးပေါင်းကာ မီးငြိမ်းပေးခဲ့ပါတယ်”ဟုPDF(ကလေး)တပ်ရင်း-၂ က တာဝန်ရှိသူက​ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ထိုးစစ်ကို ကြိုတင်ပြင်ဆင်ထားခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိသလို လက်နက်ခဲယမ်း ဆုံးရှုံးခြင်းလည်းမရှိဟုလည်း သိရသည်။

(စစ်​ကောင်စီတပ်က ​ထောက်ပို့တဲအချို့နှင့် ပြည်သူ့​နေအိမ်များကို မီးရှို့ခဲ့သည်။ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က ​ထောက်ပို့တဲအချို့နှင့် ပြည်သူ့​နေအိမ်များကို မီးရှို့ခဲ့သည်။ ။ဓါတ်ပုံ-CJ)

စခန်းပြောင်းရွှေ့ရခြင်းကြောင်း ရဲဘော်များကို အကူအညီပေးရန်လည်း PDF(ကလေး)တပ်ရင်း-၂ က မေတ္တာရပ်ခံထားသည်။

“မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတချို့ ဆုံးရှုံးတယ်လို့ကြားရပါတယ်၊ လူကော၊ လက်နက်ကော ဆုံးရှုံးတာမကြားမိသေးဘူး”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ် ဝါဒဖြန့်မီဒီယာများက PDF(ကလေး) တပ်ရင်း ၂ နှင့် တပ်ရင်း ၆ စခန်းများကို သိမ်းဆီးရပြီး PDF နှစ်ဦးသေဆုံးသည်ဟု ဆိုထားသည်။ AK သေနတ်တစ်လက်နှင့် စိန်ပြောင်း ၄လက်ရရှိခဲ့သည်ဟုစစ်​ကောင်စီကဝါဒဖြန့်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook