Connect with us

Hi, what are you looking for?

သတင်း

တရုတ်မှရထားဖြင့်ပို့​သော ကွန်တိန်နာများ ချင်း​ရွှေ​ဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ကားများဖြင့်ဝင်​ရောက်လာ

တရုတ်နိုင်ငံက မန္တလေးမြို့ကို ပို့ဆောင်မည့် ထိုကွန်တိန်နာအလုံး ၆၀တွင် စက်ယန္တရားများ၊ အီလက်ထရွန်နစ် အပိုပစ္စည်းများ၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်းများ နှင့် အခြားကုန်ပစ္စည်းများပါဝင်သည်ဟု တရုတ်အစိုးရကထုတ်ပြန်ထားသည်။

(ချင်း​ရွှေ​​ဟော နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်း​ဝင်​ရောက်လာ​သောတရုတ်ကွန်တိန်နာကားများ။ ဓါတ်ပုံ-CRI)
(ချင်း​ရွှေ​​ဟော နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်း​ဝင်​ရောက်လာ​သောတရုတ်ကွန်တိန်နာကားများ။ ဓါတ်ပုံ-CRI)

တရုတ်နိုင်ငံက ပို့လိုက်သည့် ကွန်တိန်နာအလုံး ၆၀ မြန်မာနိုင်ငံထဲသို့နယ်စပ်မှတစ်ဆင့်ကွန်တိန်နား ကားများဖြင့် စတင်ပို့ဆောင်နေပြီဖြစ်ကြောင်း တရုတ်အစိုးရပိုင် သတင်းဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါကွန်တိန်နာအလုံး ၆၀အနက် ပထမ အသုတ်ကို မေ ၂၈ ရက်က ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ပြီးဖြစ်သည်ဟုသည်။တရုတ်အစိုးရသတင်းဌာနက ထုတ်ပြန်သည့် ဓာတ်ပုံတွင် ကွန်တိန်နာတင်ထားသည့်ကား ခုနှစ်စီးတွေ့ရပြီး အရေအတွက်မည့်မျှကို ပထမအသုတ်ဖြင့်တင်ပို့သည်ကို ထုတ်ဖော်ထားခြင်းမရှိပေ။‌

တရုတ်နိုင်ငံက မန္တလေးမြို့ကို ပို့ဆောင်မည့် ထိုကွန်တိန်နာအလုံး ၆၀တွင် စက်ယန္တရားများ၊ အီလက်ထရွန်နစ် အပိုပစ္စည်းများ၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်းများ နှင့် အခြားကုန်ပစ္စည်းများပါဝင်သည်ဟု တရုတ်အစိုးရကထုတ်ပြန်ထားသည်။

ထိုကုန်ပစ္စည်းများအားလုံး သည် ဇွန် ၁၀ ရက်​နောက်ဆုံးထား၍မန္တလေးလေးမြို့ကိုရောက်ရှိမည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

(ချင်း​ရွှေ​​ဟော နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်း​ဝင်​ရောက်လာ​သောတရုတ်ကွန်တိန်နာကားများ။ ဓါတ်ပုံ-CRI)
(ချင်း​ရွှေ​​ဟော နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်း​ဝင်​ရောက်လာ​သောတရုတ်ကွန်တိန်နာကားများ။ ဓါတ်ပုံ-CRI)

“ဒီထဲမှာ ဘာတွေပါလဲ သိချင်လိုက်တာ။ လမ်းကြောင်းကလဲ အရှည်ကြီးကို တစ်ကူးတကသယ်နေတာ သာမာန်ကုန်သွယ်ရေးပစ္စည်းတွေ မဟုတ်လောက်ဘူး”ဟုနယ်စပ်ကုန်သွယ်​ရေးလုပ်နေသည့် လုပ်ငန်းရှင်တစ်ဦးကပြောသည်။

အဆိုပါ ကွန်တိန်နာများပို့ဆောင်းခြင်းသည်တရုတ်-မြန်မာလမ်းကြောင်းအသစ်ဖြစ်သည့် ချုံချင့်-လင်းချန်း-မြန်မာ နိုင်ငံတကာရထားလမ်းမှဖြစ်ပြီး မေ ၂၃ရက်တွင် ချုံချင့်မြို့၊ ကော်ယွမ်ဆိပ်ကမ်း၊ ယွီကြွေဘူတာက စတင်ထွက်လာခြင်းဖြစ်သည်ဟု တရုတ်သံရုံးကထုတ်ပြန်ထားသည်။ထိုကွန်
တိန်နာများကို ရထားလမ်းနှင့်ကားလမ်းတို့ဖြင့် ၁၅ရက်အတွင်း မန္တလေးမြို့ကို ပို့ဆောင်မည်ဟုလည်းခဲ့သည်။

အ​နောက်နိုင်ငံများက အကြမ်းဖက်စစ်​ကောင်စီအ​ပေါ် ပိတ်ဆို့အ​ရေးယူမှုများတိုးမြှင့်ဒဏ်ခတ်​နေချိန် ၊မြန်မာ့နိုင်ငံရေး ရှုပ်ထွေးနေချိန်တွင် တရုတ်နိုင်ငံက ကွန်တိန်နာ အလုံး ၆၀ ပေးပို့ခြင်းသည် သာမန်ကုန်သွယ်မှုမဖြစ်နိုင်ကြောင်း တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးလုပ်နေသည့် လုပ်ငန်းရှင်တစ်ဦးကမှတ်ချက်ပေးထားသည်။ ထို ရထားကို တော်လှန်ရေးအင်အားစုများက ဂရုတစိုက်စောင့်ကြည့်ရန်လိုသည်ဟုလည်းအဆိုပါလုပ်ငန်းရှင်ကမှတ်ချက်ပြုသည်။

အဆိုပါကွန်တိန်နာများသည် တရုတ်-မြန်မာနယ်စပ် အထိ ရထားနှင့်လာပြီးမြန်မာနိုင်ငံအတွင်းသို့ကားဖြင့်သယ်ဆောင်နိုင်သည်အထက်ပါလုပ်ငန်းရှင်ကခန့်မှန်းသည်။

တရုတ်နိုင်ငံက အဆိုပါကွန်တိန်နာများကို ရထားလမ်းဖြင့် သယ်ဆောင်ခြင်းသည့် သမားရိုးကျနည်းလမ်းထက် ရက် ၂၀ လျော့ကျပြီး ကုန်စည်ပို့ဆောင်ခ ၂၀ ရာခိုင်နှုန်းလျှော့ချနိုင်မည်ဟုလည်းဝါဒဖြန့်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။