Connect with us

Hi, what are you looking for?

သတင်း

ကေအဲန်ယူတပ်မဟာ ၆ နယ်မြေထဲက စစ်ဘေးရှောင်တွေထံ စားနပ်ရိက္ခာဝေငှ

မေ ၂၉ ရက်က ကေအဲန်ယူ-ကျုံဒိုးမြို့နယ် လောင်းကိုင်ကျေးရွာအုပ်စုထဲက ကော့ဖောင်း၊ မိထလန်းနိုင်နဲ့ ကမော့ကသူကျေးရွာသုံးရွာက အိမ်ခြေ (၃၆၀)အတွက် တစ်အိမ်ကို ၂၀ ပြည်ဝင် ဆန်အိတ်တစ်အိတ်နှုန်းနဲ့ သွားရောက်ဝေငှပေးခဲ့တယ်လို့ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ဘေးရှောင်တွေထံ စားနပ်ရိက္ခာဝေငှ
စစ်ဘေးရှောင်တွေထံ စားနပ်ရိက္ခာဝေငှ

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲက စစ်ဘေးရှောင်တွေနေထိုင်တဲ့ ကျေးရွာသုံးရွာကို ကျုံဒိုးမြို့နယ် စည်းရုံးရေးနဲ့ပြန်ကြားရေးဌာနက ဦးဆောင်ပြီး ဆန်အိတ်တွေ သွားရောက်ဝေပေးခဲ့တယ်လို့ သိရပါတယ်။

မေ ၂၉ ရက်က ကေအဲန်ယူ-ကျုံဒိုးမြို့နယ် လောင်းကိုင်ကျေးရွာအုပ်စုထဲက ကော့ဖောင်း၊ မိထလန်းနိုင်နဲ့ ကမော့ကသူကျေးရွာသုံးရွာက အိမ်ခြေ (၃၆၀)အတွက် တစ်အိမ်ကို ၂၀ ပြည်ဝင် ဆန်အိတ်တစ်အိတ်နှုန်းနဲ့ သွားရောက်ဝေငှပေးခဲ့တယ်လို့ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ဘေးရှောင်တွေထံ စားနပ်ရိက္ခာဝေငှ
စစ်ဘေးရှောင်တွေထံ စားနပ်ရိက္ခာဝေငှ

“ကျုံဒိုးမြို့နယ်အတွင်း ၃ လပိုင်း ၁၁ ရက်နေ့ကစပြီး အခုချိန်ထိ ပစ်ခတ်မှုမရပ်သေးတာကြောင့် ပြည်သူတွေရဲ့ စားဝတ်နေရေး သက်သာစေဖို့ တဖက်တလမ်းကနေ သွားရောက်ပေးဝေရတာဖြစ်တယ်၊ နောက်လာမယ့် ၆ လပိုင်း ၇ လပိုင်းတွေမှာလည်း သွားရောက်ပေးဝေသွားဦးမယ်” လို့ ကျုံဒိုးမြို့နယ် စည်းရုံးရေးနဲ့ ပြန်ကြားရေးဌာန အတွင်းရေးမှူးက ပြောပါတယ်။

စစ်ဘေးရှောင်တွေထံ စားနပ်ရိက္ခာဝေငှ
စစ်ဘေးရှောင်တွေထံ စားနပ်ရိက္ခာဝေငှ

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၂၃ ရက်ကလည်း တောင်ကြာအင်းကျေးရွာအုပ်စုထဲမှာ စားနပ်ရိက္ခာအချို့ကို သွားရောက်ဝေငှပေးခဲ့သေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူ-ကျုံဒိုးမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ နယ်မြေကျူးကျော်ပြီး တပ်စွဲထားမှုတွေကြောင့် ပြီးခဲ့တဲ့မတ်လအတွင်းက စတင်ပြီး စစ်ကောင်စီတပ်နဲ့ KNDO တပ်ရင်း ၆ ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံပြည်သူတွေများစွာ စစ်ဘေးရှောင်နေခဲ့ကြရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook