Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကေအဲန်ယူတပ်မဟာ ၆ နယ်မြေထဲက စစ်ဘေးရှောင်တွေထံ စားနပ်ရိက္ခာဝေငှ

မေ ၂၉ ရက်က ကေအဲန်ယူ-ကျုံဒိုးမြို့နယ် လောင်းကိုင်ကျေးရွာအုပ်စုထဲက ကော့ဖောင်း၊ မိထလန်းနိုင်နဲ့ ကမော့ကသူကျေးရွာသုံးရွာက အိမ်ခြေ (၃၆၀)အတွက် တစ်အိမ်ကို ၂၀ ပြည်ဝင် ဆန်အိတ်တစ်အိတ်နှုန်းနဲ့ သွားရောက်ဝေငှပေးခဲ့တယ်လို့ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ဘေးရှောင်တွေထံ စားနပ်ရိက္ခာဝေငှ
စစ်ဘေးရှောင်တွေထံ စားနပ်ရိက္ခာဝေငှ

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲက စစ်ဘေးရှောင်တွေနေထိုင်တဲ့ ကျေးရွာသုံးရွာကို ကျုံဒိုးမြို့နယ် စည်းရုံးရေးနဲ့ပြန်ကြားရေးဌာနက ဦးဆောင်ပြီး ဆန်အိတ်တွေ သွားရောက်ဝေပေးခဲ့တယ်လို့ သိရပါတယ်။

မေ ၂၉ ရက်က ကေအဲန်ယူ-ကျုံဒိုးမြို့နယ် လောင်းကိုင်ကျေးရွာအုပ်စုထဲက ကော့ဖောင်း၊ မိထလန်းနိုင်နဲ့ ကမော့ကသူကျေးရွာသုံးရွာက အိမ်ခြေ (၃၆၀)အတွက် တစ်အိမ်ကို ၂၀ ပြည်ဝင် ဆန်အိတ်တစ်အိတ်နှုန်းနဲ့ သွားရောက်ဝေငှပေးခဲ့တယ်လို့ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ဘေးရှောင်တွေထံ စားနပ်ရိက္ခာဝေငှ
စစ်ဘေးရှောင်တွေထံ စားနပ်ရိက္ခာဝေငှ

“ကျုံဒိုးမြို့နယ်အတွင်း ၃ လပိုင်း ၁၁ ရက်နေ့ကစပြီး အခုချိန်ထိ ပစ်ခတ်မှုမရပ်သေးတာကြောင့် ပြည်သူတွေရဲ့ စားဝတ်နေရေး သက်သာစေဖို့ တဖက်တလမ်းကနေ သွားရောက်ပေးဝေရတာဖြစ်တယ်၊ နောက်လာမယ့် ၆ လပိုင်း ၇ လပိုင်းတွေမှာလည်း သွားရောက်ပေးဝေသွားဦးမယ်” လို့ ကျုံဒိုးမြို့နယ် စည်းရုံးရေးနဲ့ ပြန်ကြားရေးဌာန အတွင်းရေးမှူးက ပြောပါတယ်။

စစ်ဘေးရှောင်တွေထံ စားနပ်ရိက္ခာဝေငှ
စစ်ဘေးရှောင်တွေထံ စားနပ်ရိက္ခာဝေငှ

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၂၃ ရက်ကလည်း တောင်ကြာအင်းကျေးရွာအုပ်စုထဲမှာ စားနပ်ရိက္ခာအချို့ကို သွားရောက်ဝေငှပေးခဲ့သေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူ-ကျုံဒိုးမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ နယ်မြေကျူးကျော်ပြီး တပ်စွဲထားမှုတွေကြောင့် ပြီးခဲ့တဲ့မတ်လအတွင်းက စတင်ပြီး စစ်ကောင်စီတပ်နဲ့ KNDO တပ်ရင်း ၆ ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံပြည်သူတွေများစွာ စစ်ဘေးရှောင်နေခဲ့ကြရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသာမက မြဝတီမြို့ပေါ်ကို လေယာဉ်ဖြင့် ကင်းထောက်ပျံဝဲခြင်း၊ လေကြောင်းမှ ဗုံးချတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။