Connect with us

Hi, what are you looking for?

သတင်း

အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးလုပ်ဆောင်နေသည့် ပညာရေးဌာနထောက်တိုင်ဝန်ထမ်းများကို ထီးချိုင့်(ပအဖ) အမည်ပျက်စာရင်းကြေညာ

အွန်လိုင်းတွင် နုတ်ထွက်စာတင်ပြီး အလုပ်ပြန်ဝင် လစာထုတ်ယူနေသော ဝန်ထမ်းများ စာရင်းနှင့် အခြားအမည်ပျက် ဝန်ထမ်းများ စရြင်းကိုလည်း ဆက်လက် ထုတ်ပြန်အရေးယူသွားမည်ဟု ဆိုသည်။

ထီးချိုင့်မြို့နယ်အတွင်းရှိ ပညာရေးမှူးအပါအဝင် စစ်ကောင်စီ၏ ပညာရေးဌာနထောက်တိုင် လောက်ကောင်အမည်ပျက်စာရင်းကို ထုတ်ပြန်ကြေညာလိုက်ကြောင်း ထီးချိုင့်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။

ပညာရေးဌာနမှ ပြည်သူ့သစ္စာဖောက် ပညာတက်အသိမဲ့ လောက်ကောင်များသည် စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေရေးအတွက် ယနေ့ အချိန်အထိ အဓိကထောက်တိုင်ပြုမောင်းနှင်နေကြသည်ကို တွေ့ရ၍ ၎င်းဝန်ထမ်းများကို အမည်ပျက်စာရင်း သတ်မှတ်ပြီး နောက်ဆုံးသတိပေးလိုက်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထိုသို့ ထုတ်ပြန်ရာတွင် မြို့နယ်ပညာရေးမှူး နှင့် ပညာရေးဌာန ရုံးဝန်ထမ်းနှင့် အရာရှိများ၊ စစ်ကောင်စီ လက်အောက်၌ ဆက်လက် တာဝန်ထမ်းဆောင်နေသည့် ဆရာဆရာမများ စုစုပေါင်း ၃၅ဦးကို အမည်စာရင်းနှင့်တကွ ဖော်ပြခဲ့သည်။

အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးလုပ်ဆောင်နေသည့် ပညာရေးဌာနထောက်တိုင်ဝန်ထမ်းများကို ထီးချိုင့်(ပအဖ) အမည်ပျက်စာရင်းကြေညာ
အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးလုပ်ဆောင်နေသည့် ပညာရေးဌာနထောက်တိုင်ဝန်ထမ်းများကို ထီးချိုင့်(ပအဖ) အမည်ပျက်စာရင်းကြေညာ

အွန်လိုင်းတွင် နုတ်ထွက်စာတင်ပြီး အလုပ်ပြန်ဝင် လစာထုတ်ယူနေသော ဝန်ထမ်းများ စာရင်းနှင့် အခြားအမည်ပျက် ဝန်ထမ်းများ စရြင်းကိုလည်း ဆက်လက် ထုတ်ပြန်အရေးယူသွားမည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယခု ထုတ်ပြန်ချက်ကို ကသာခရိုင် ကွပ်ကဲရေးရုံး၊ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ထီးချိုင့်မြို့နယ် PDF တပ်ခွဲ တို့ထံသို့ မိတ္တူပေးပို့ကာ လိုအပ်သလို အရေးယူဆောင်ရက်နိုင်ရန် ဟု ရေးသားအသိပေးထားသည်။

ထီးချိုင့် ပအဖ၏ ထုတ်ပြန်ချက်တွင် မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာရူးတစ်သိုက်က လုယူ ဖျက်ဆီးလာခဲ့၍ နိုင်ငံသူ နိုင်ငံသားများက ခုခံတော်လှန်ရေး ဆင်နွှဲလာသည်မှာ တစ်နှစ်ကျော် ကြာခဲ့ပြီး ယင်းကာလအထိ CDM ဆရာ၊ဆရာမများ သည် အခက်အခဲများ ကြံ့ကြံ့ခံ လျက် တော်လှန်နေကြဆဲ ဖြစ်၍ အထူးလေးစားဂုဏ်ယူကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ကျောင်းသားမိဘများ အနေဖြင့် လည်း အမျိုးသားညီညွတ်ရေးအစိုးရ ၏ ကြားကာလ ပညာရေး ဖော်ဆောင်မှု ဖြစ်သော နေအိမ်အခြေပြု၊ ရပ်ရွာအခြေပြု၊ စာသင်ကျောင်းအခြေပြု၊ အွန်လိုင်း အခြေပြု သင်ကြားမှုများတွင် CDM ဆရာ၊ ဆရာမများ၏ ဦးဆောင်မှုတို့နှင့်အတူ ပူးပေါင်းပါဝင်မှုကိုလည်း မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့အနီက တော်လှန်ရေးတပ်‌တွေထိန်းချုပ်ထားတဲ့ နေရာအချို့ကို စစ်တပ်ကပြန်ထိန်းချုပ်ပြီးနောက် စစ်ကြောင်းတွေဟာ ကသာနဲ့ အင်းတော်မြို့ကို ဦးတည်နေပါတယ်။

သတင်း

၂၀၂၆တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ အနေနဲ့ ဒီနေ့ (မတ်၁၇)မှာ ဇီဝ‌ဗေဒ နဲ့ ဘောဂဗေဒ ဘာသာရပ်တွေ ဖြေဆိုခဲ့ကြပါတယ်။

ဆောင်းပါး

ကျောင်းတွေ နဲ့ စာသင်ခန်းတွေထဲမှာ အသက်သေဆုံးတဲ့အထိဖြစ်လာတဲ့ ကျောင်းသားချင်းအုပ်စုဖွဲ့ရန်ပွဲသတင်းတွေကို ကိုသက်နိုင်တစ်ယောက် နားနဲ့မဆန့်အောင် မကြာခဏကြားနေရပါတယ်။ကျောင်းသားမိဖတစ်ဦးမို့ အလုပ်လုပ်ရတာလည်း မဖြောင့်တော့ပါဘူး။ လူက အလုပ်ထဲမှာပေမယ့် စိတ်က သားဖြစ်သူရှိတဲ့ စာသင်ခန်းကိုပဲ ရောက်နေပါတယ်။