Connect with us

Hi, what are you looking for?

သတင်း

ကရင်နီ – ရှမ်းပြည်နယ်အစပ်ရှိ စစ်ကောင်စီစခန်းကို စနိုက်ပါစစ်ဆင်ရေးဖြင့် တိုက်ခိုက်ရာ သုံးဦးသေ

စစ်ကောင်စီဖက်မှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စနိုက်ပါစစ်ဆင်ရေး
စနိုက်ပါစစ်ဆင်ရေး

ကရင်နီ(ကယား) – ရှမ်းပြည်နယ်အစပ်ရှိ စစ်ကောင်စီစခန်းကို စနိုက်ပါစစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၃က ယနေ့ (ဇွန် ၃ ရက်) ထုတ်ပြန်သည်။

တိုက်ခိုက်မှုဖြစ်စဥ်မှာ ယမန်နေ့(ဇွန် ၂ ရက်)နံနက်ပိုင်းတွင် ပင်လောင်းနှင့် ဖယ်ခုံမြို့ကိုဆက်ထားသော ပင်ပုံနှင့် လွယ်ဝှဲကျေးရွာရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားနှစ်ဦး သေဆုံးပြီး ကျန်တစ်ဦးမှာ သေဆုံးမှု ရှိ၊မရှိ အတည်မပြုနိုင်ဟု အသိပေးသည်။

စစ်ကောင်စီဖက်မှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ကရင်နီဒေသအစပ် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ညောင်ရွှေမြို့နယ်၊ထီရိကျေးရွာ၌ တပ်စွဲထားသောစစ်ကောင်စီတပ်ကို မေလ ၁၂ ရက်က ကရင်နီပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်တစ်ရက်တွင် စစ်ကောင်စီတပ်က သာလွန်အင်အားဖြင့် ညောင်ရွှေမြို့နယ် တောင်ပို့ကွဲ ၊ဆောင်နန်းခဲရွာဖက်မှစတင် စစ်ကြောင်းထိုးခဲ့သည်။

ထို့နောက် ဖယ်ခုံအရှေ့ဘက်ကမ်းဒေသ ၁၀ရက်ကြာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၃၀ထက်မနည်းသေဆုံးပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲအတွင်း KNDF တပ်ရင်း – ၃ မှ ရဲဘော်တစ်ဦးအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦးကျဆုံးခဲ့ကာ (၁၀၀၈) တပ်ရင်း၊ ဖယ်ခုံ PDF တပ်ရင်း (၂) ၊ အင်းလေး PDF ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆေးရေးအဖွဲ့၊ တပ်ရင်း (၁၀၀၅)၊ KNDF နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ကာကွယ် ရေးတပ်များ ပူးပေါင်းတိုက်ခိုက်​​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။