Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့နယ်တွင်စစ်​ကောင်စီတပ်ကိုPDFကသုံးကြိမ်တိုက်ခိုက်အနည်းဆုံး နှစ်ဦး​သေ

ချောင်းဦးမြို့ ပြည်သူ့အားကစားကွင်းအနီးတွင်လမ်းကြောင်းမိုင်းရှင်းလင်းရန်လာသည့်စစ်ကြောင်းမှလေးဦးပါအဖွဲ့အား ချောင်းဦး PDF တပ်ခွဲ ၁ က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း ချောင်းဦး PDF က ပြောသည်။

(စစ်ကိုင်းတိုင်းအတွင်းတစ်နေရာတွင် တွေ့ရသည့် အကြမ်းဖက်စစ်တပ်ယာဥ်များ။ ။ဓါတ်ပုံ-CJ)
(စစ်ကိုင်းတိုင်းအတွင်းတစ်နေရာတွင် တွေ့ရသည့် အကြမ်းဖက်စစ်တပ်ယာဥ်များ။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် မြို့တွင်းအပါအဝင် မုံရွာ-မန္တလေးလမ်းပေါ် နေရာသုံးနေရာ၌ စစ်ကောင်စီတပ်အားသုံကြိမ်တိုင်မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနှစ်ဦးထက်မနည်းသေဆုံးကြောင်းချောင်းဦး PDFက သတင်းထုတ်ပြန်သည်။

ဇွန်လ ၃ ရက်နေ့က ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲ ၂ ခုက နေရာသုံးနေရာတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ချောင်းဦးမြို့ ပြည်သူ့အားကစားကွင်းအနီးတွင်လမ်းကြောင်းမိုင်းရှင်းလင်းရန်လာသည့်စစ်ကြောင်းမှလေးဦးပါအဖွဲ့အား ချောင်းဦး PDF တပ်ခွဲ ၁ က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း ချောင်းဦး PDF က ပြောသည်။

ထို့အပြင် ငါးယှန်ရွာနှင့် နတ်ရေကန်ရွာအကြား မုံရွာဘက်မှ မန္တလေးဘက်သို့ ထွက်ခွာလာသောစစ်ကောင်စီတပ်ယာဥ်တန်းအား ချောင်းဦး PDF တပ်ခွဲ ၂ မှ ပဒေသာမိုင်းဖြင့်မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း ချောင်းဦး PDF က ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ နတ်ရေကန်ရွာနှင့် ရေပိုးစားရွာကြားတွင်လည်း မန္တလေးဘက်မှ မုံရွာဘက်သို့ ထွက်ခွာလာသောစစ်ကောင်စီတပ်ယာဥ်တန်းအား ချောင်းဦး PDF တပ်ခွဲ ၂ မှ ပဒေသာမိုင်းခွဲ၍ တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ စုံစမ်းနေဆဲဖြစ်ကြောင်း ချောင်းဦး PDF က ပြောသည်။

အထက်ပါ တိုက်ခိုက်မှု သုံးခုနှင့်ပတ်သက်၍ ချောင်းဦး PDF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီးပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ယမန်နေ့ နံနက်(၁၁)နာရီဝန်းကျင်ကလည်း မုံရွာ – မန္တလေးလမ်းမကြီးပေါ် ချောင်းဦးမြို့မှထွက်ခွာလာသည့်အကြမ်းဖက်စစ်ကောင်စီ၏ မိုးကာအနီကြားအုပ်ထားသည့် ကားငါးစီးတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုအချို့ ရှိခဲ့သည်ဟုသိရသည်။

ထိုအပြင်နေ့လယ်ပိုင်းကလည်း မုံ​ရွာ – မန္တလေး လမ်းမကြီး၊ မုံရွာ – ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် အစီးငါးဆယ်ကျော်ပါသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း People’s Defence Force – South Monywa က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook