Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမြို့တွင်းကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်နေ

“မြို့ထဲကို တိုးလာတာ။အခု ညောင်ဝိုင်းရပ်ကွက်နားကို ရောက်နေတယ်။ပစ်တဲ့အသံတွေက လောလောဆယ် ဘာမှန်းမသိသေးဘူး”ဟု မိုးဗြဲမြို့နေ ပြည်သူတစ်ဦးက ပြောသည်။

မိုးဗြဲမြို့
မိုးဗြဲမြို့

ရှမ်း – ကရင်နီ(ကယား)ပြည်နယ်အစပ် မိုးဗြဲမြို့တွင်းကို စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာနေသည်ဟု ဒေသခံများက ပြောသည်။

ယနေ့(ဇွန် ၇ ရက်) နံနက် ၇နာရီခန့်မှစ၍ မိုးဗြဲမြို့တွင်းသို့ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်သည် လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများပါရှိနေသည်ဟု ဆိုသည်။

“မြို့ထဲကို တိုးလာတာ။အခု ညောင်ဝိုင်းရပ်ကွက်နားကို ရောက်နေတယ်။ပစ်တဲ့အသံတွေက လောလောဆယ် ဘာမှန်းမသိသေးဘူး”ဟု မိုးဗြဲမြို့နေ ပြည်သူတစ်ဦးက ပြောသည်။

သို့သော် လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ပစ်ခတ်မှုသည် စစ်ကောင်စီတပ်၏ တစ်ဖက် သတ်ပစ်ခတ်မှုဟုလည်း Mobye Rescue Team တာဝန်ရှိသူက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူများအနေဖြင့်မလိုအပ်ပဲ နေအိမ်အပြင် မထွက်ရန်နှင့် လက်နက်ကြီးထိမှန်ဒဏ်ရာရရှိပါက Mobye Rescue Team ကိုဆက်သွယ်ရန်လည်း တိုက်တွန်းသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ဖယ်ခုံ၊ လွိုင်ကော် နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင်လည်း စစ် ကြောင်းများထိုးနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။