Connect with us

Hi, what are you looking for?

News

ကိုဗစ်ကြောင့် ကွယ်လွန်သည့် CDM ဝန်ထမ်းများနှင့်မိသားစုဝင်များ ပင်စင်ခံစားခွင့်ရရေး ဆောင်ရွက်ပေးမည်ဟု NUG ထုတ်ပြန်

သက်ဆိုင်ရာမိသားစုများ၊ ဝန်းထမ်းမောင်နှမများမှလည်း ကွယ်လွန်တိမ်းပါးသွားရသော ဝန်ထမ်းများ၏ သတင်းအချက်အလက်များကို ပုံစံ (Form) တွင်ဖြည့်စွက်ပြီး ပို့ပေးရန် ဝန်ကြီးဌာနက မေတ္တာ ရပ်ခံထားသည်။ ဝန်ကြီးဌာန ညွှန်းဆိုသည့် ပုံစံမှာ https://forms.gle/oNSuiEyU57gpWsEJ9 ဖြစ်သည်။

ကိုဗစ်(COVID-19) ကပ်ရောဂါ ကူးစက်ခံရမှုကြောင့်လည်းကောင်း၊ အာဏာရှင်ကိုဆန့်ကျင် တော်လှန်စဥ်၌ လည်းကောင်း ကွယ်လွန်တိမ်းပါးသွားရသော CDM ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် မိသားစုပင်စင် အပါအဝင် ရရှိခံစားထိုက်သော ခံစားပိုင်ခွင့်အားလုံးကို ပြည်သူ့အစိုးရမှ နိုင်ငံတော်တာဝန်များကို ပြန်လည်ရရှိချိန်တွင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အာမခံ ကတိပြုသည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ ပညာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

သက်ဆိုင်ရာရရှိခံစားပိုင်ခွင့်များအားလုံးရရှိစေရေးအတွက် ကိုဗစ်(COVID-19)ကပ်ရောဂါ ကူးစက်ခံရမှုကြောင့် ကွယ်လွန်တိမ်းပါးသွားရသော ပညာရေးနှင့်ပတ်သက်သော CDM ဝန်ထမ်းများ၏ အချက်အလက်များကို ကောက်ခံသွားမည် ဖြစ်သည်ဟု ဆိုသည်။

သို့ဖြစ်၍ သက်ဆိုင်ရာမိသားစုများ၊ ဝန်းထမ်းမောင်နှမများမှလည်း ကွယ်လွန်တိမ်းပါးသွားရသော ဝန်ထမ်းများ၏ သတင်းအချက်အလက်များကို ပုံစံ (Form) တွင်ဖြည့်စွက်ပြီး ပို့ပေးရန် ဝန်ကြီးဌာနက မေတ္တာ ရပ်ခံထားသည်။ ဝန်ကြီးဌာန ညွှန်းဆိုသည့် ပုံစံမှာ https://forms.gle/oNSuiEyU57gpWsEJ9 ဖြစ်သည်။

Public Service Announcement

ပြည်သူများအနေဖြင့်လည်း ကိုဗစ်(COVID-19) ကပ်ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် အသိပေးပန်ကြားချက်များကို တိကျစွာလိုက်နာပြီး ပြည်သူက ပြည်သူကို စောင့်ရှောက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို အနိုင်ယူကြရန်လည်း ပညာရေးဝန်ကြီးဌာနက တိုက် တွန်းနှိုးဆော်ခဲ့သည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ပြည်သူ့များ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ခြင်းမရှိပဲ ၎င်းတို့အာဏာတည်မြဲရေးကိုသာ ဦးတည်ဆောင် ရွက်နေ၍ နိုင်ငံတော်သည် စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးတွင် အဖက်ဖက်မှ ချွတ်ခြုံကျဆင်းလျက်ရှိနေကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ၏ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများဆောင်ရွက်ရန် ပျက်ကွက်ခဲ့မှုကြောင့် နိုင်ငံတစ်ဝှမ်းလုံးတွင် ကပ်ရောဂါတတိယလှိုင်းဒဏ်ကို ပြင်းထန်စွာ ခံစားရပြီး တန်ဖိုးရှိလှသော လူသားအရင်းအမြစ်များစွာ ပျက်စီးဆုံးရှုံးခဲ့ခြင်း၊ ပျက်စီးဆုံးရှုံးနေခြင်းများ ဖြစ်ပေါ်နေရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။