Connect with us

Hi, what are you looking for?

သတင်း

ရေဦးတွင် ရွာမီးရှို့ပြီးပြန်​သောစစ်​ကောင်စီတပ်ကို PDFများပူး​ပေါင်းတိုက်ခိုက်၍​ သေဆုံးထိခိုက်မှုများ

ဗိုလ်မုတ်ဆိတ်အဖွဲ့၊Freedom Revolution Force (FRF)တပ်ဖွဲ့၊DRPA တပ်ဖွဲ့၊ရေဦးမြို့နယ် ပကဖပူးပေါင်းအဖွဲ့ စသည့်တပ်ဖွဲ့ တို့က ပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-ဗိုလ်မုတ်ဆိတ်အဖွဲ့)
(​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-ဗိုလ်မုတ်ဆိတ်အဖွဲ့)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင်ကျေးရွာတစ်ရွာအား မီးရှို့ဖျက်ဆီးသွားသည့်စစ်​ကောင်စီတပ်ကို ဒေသတွင်းပူးပေါင်းအဖွဲ့ကတိုက်ခိုက်ခဲ့ရာသေဆုံးထိခိုက်မှုများရှိကြောင်း ဗိုလ်မုတ်ဆိတ်အဖွဲ့က ပြောသည်။

ယမန်နေ့ကရေဦးမြို့နယ် ချမ်းသာရွာကိုမီးတင်ရှို့သွားသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယနေ့ (ဇွန်လ ၈ ရက်) နံနက် ၇နာရီ ​ကျော်တွင် ၎င်းတို့စခန်းချရာသို့အပြန် ရွာမိဿာရွာ နှင့် ညောင်လှမူးဆုံကြားအရော​က်၌ပူးပေါင်းအဖွဲ့ကအသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မုတ်ဆိတ်အဖွဲ့က ပြောသည်။

၁၀မိနစ်ခန့်ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှ အသေအပျောက်ရှိကာ အတိအကျမသိရသေးကြောင်းဗိုလ်မုတ်ဆိတ်က ပြောသည်။

Public Service Announcement

တော်လှန်ရေးအဖွဲ့ပေါင်းစုံမှလက်ဦးမှုဖြင့်ပြောက်ကြားတိုက်ခိုက်ခဲ့ကြပြီးတော်လှန်ရေးသမားများအထိအခိုက်မရှိကြောင်း ၊အကြမ်းဖက်စစ်တပ်ဘက်မှ (၁၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်းဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရစစ်သားများအားရေဦး- မုံရွာလမ်းပေါ်ဖြတ်သန်းသွားသော ကားများအား စစ်သားများကတားဆီးပြီးတင်သွားခဲ့ကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။

ဗိုလ်မုတ်ဆိတ်အဖွဲ့၊Freedom Revolution Force (FRF)တပ်ဖွဲ့၊DRPA တပ်ဖွဲ့၊ရေဦးမြို့နယ် ပကဖပူးပေါင်းအဖွဲ့ စသည့်တပ်ဖွဲ့ တို့က ပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်သည်ယမန်နေ့(ဇွန်လ၇ရက်) ညနေပိုင်းကရေဦးမြို့နယ် ချမ်းသာရွာမှ ပြည်သူပိုင်နေအိမ်ပေါင်း ၁၁၀ခန့်ကိုမီးရှို့ဖျက်ဆီးသွားကြောင်းဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။