Connect with us

Hi, what are you looking for?

သတင်း

နေ့တိုင်း အသင့်စားခေါက်ဆွဲတွေချည်း ကျွေးနေလို့ ဇနီးကို အိန္ဒိယ အမျိုးသားတစ်ဦး ကွာရှင်း

Maggiအမှုလို့ နာမည်ပေးထားတဲ့ အဲဒီ ကိစ္စမှာ အမျိုးသားက ကွာရှင်းခွင့် တောင်းခံခဲ့ပြီး အမျိုးသမီးဖက်ကလည်း လက်ခံခဲ့တာကြောင့် နှစ်ဦး သဘောတူ လမ်းခွဲခဲ့ပြီး ဖြစ်တဲ့အကြောင်း အိန္ဒိယ တရားသူကြီး တစ်ဦးဖြစ်တဲ့ အမ်အယ်လ် ရက်ဟူနော့သ်က ပြောပါတယ်။

အသင့်စားခေါက်ဆွဲ
အသင့်စားခေါက်ဆွဲ

နေ့တိုင်းနေ့တိုင်း အသင့်စား ခေါက်ဆွဲဘူးတွေချည်း ကျွေးနေတဲ့ ဇနီးဖြစ်သူကို အိန္ဒိယ အမျိုးသား တစ်ဦးက ကွာရှင်းလိုက်ကြောင်း သိရပါတယ်။

Maggiအမှုလို့ နာမည်ပေးထားတဲ့ အဲဒီ ကိစ္စမှာ အမျိုးသားက ကွာရှင်းခွင့် တောင်းခံခဲ့ပြီး အမျိုးသမီးဖက်ကလည်း လက်ခံခဲ့တာကြောင့် နှစ်ဦး သဘောတူ လမ်းခွဲခဲ့ပြီး ဖြစ်တဲ့အကြောင်း အိန္ဒိယ တရားသူကြီး တစ်ဦးဖြစ်တဲ့ အမ်အယ်လ် ရက်ဟူနော့သ်က ပြောပါတယ်။

Maggi အမှုလို့ ခေါ်ရတဲ့ အကြောင်းကတော့ ဇနီးဖြစ်သူဟာ မနက်စာ၊ နေ့လယ်စာ၊ ညစာ အားလုံးကို Maggi တံဆိပ် အသင့်စား ခေါက်ဆွဲဘူးတွေချည်း ကျွေးနေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ခင်ပွန်းဖြစ်သူက ဒီကိစ္စကို တော်တော် ဒေါသထွက်နေပြီး တရားရုံးမှာ အရေးဆိုခဲ့ကြောင့်၊ သူ့ဇနီးဟာ ကုန်စုံဆိုင်သွားပြီး ခေါက်ဆွဲဘူးတွေပဲ အမြဲ ဝယ်နေတယ်လို့ တိုင်တန်းခဲ့ကြောင်း တရားသူကြီးက ပြောပါတယ်။

သူတို့နှစ်ဦးဟာ တစ်နှစ်လောက် ခွဲခွာ နေထိုင်ကြပြီးတဲ့နောက် ၁၉၅၄ ခုနှစ်၊ လက်ထပ် ထိမ်းမြားမှုဆိုင်ရာ အက်ဥပဒေနဲ့အညီ အပြီးသတ် ကွာရှင်းခဲ့ကြတယ်လို့ ရက်ဟူနော့သ်က ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယ လူနေမှု ဓလေ့တွေအရ တရားဝင် ကွာရှင်း ပြတ်စဲမှုတွေဟာ ကျေးလက် ဒေသတွေထက် မြို့ပြ ဧရိယာတွေမှာ ပိုအဖြစ်များတယ်လို့လည်း တရားသူကြီးက ပြောပါတယ်။ ကျေးလက် ဒေသတွေမှာတော့ အိမ်ထောင်ရေး ပြဿနာတွေ ရှိလာရင် ရွာလူကြီးတွေက ကြားဝင် ညှိနှိုင်းပေးကြတာကြောင့် ကွာရှင်းတဲ့ အဆင့်ထိ ရောက်တာမျိုး အတော်နည်းသွားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း အိမ်ထောင်သည် အမျိုးသမီးတွေ ဖိနှိပ်ခံရတဲ့ ဖြစ်ရပ်မျိုးကနေ အကာအကွယ် ပေးနိုင်စွမ်း လျော့ကျသွားနိုင်ကြောင်း သူက သတိပေးသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

မြန်မာ့အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယဟာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရားဝင်ခရီးစဥ်ဖိတ်ကြားပြီး အစိုးရ အဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်နာရန်ဒရာမိုဒီကရော၊ သမ္မတ ဒရုပဒီမုရ်မုတို့ကလည်း သီးခြားစီလက်ခံတွေ့ဆုံခဲ့ပါတယ်။