Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နေ့တိုင်း အသင့်စားခေါက်ဆွဲတွေချည်း ကျွေးနေလို့ ဇနီးကို အိန္ဒိယ အမျိုးသားတစ်ဦး ကွာရှင်း

Maggiအမှုလို့ နာမည်ပေးထားတဲ့ အဲဒီ ကိစ္စမှာ အမျိုးသားက ကွာရှင်းခွင့် တောင်းခံခဲ့ပြီး အမျိုးသမီးဖက်ကလည်း လက်ခံခဲ့တာကြောင့် နှစ်ဦး သဘောတူ လမ်းခွဲခဲ့ပြီး ဖြစ်တဲ့အကြောင်း အိန္ဒိယ တရားသူကြီး တစ်ဦးဖြစ်တဲ့ အမ်အယ်လ် ရက်ဟူနော့သ်က ပြောပါတယ်။

အသင့်စားခေါက်ဆွဲ
အသင့်စားခေါက်ဆွဲ

နေ့တိုင်းနေ့တိုင်း အသင့်စား ခေါက်ဆွဲဘူးတွေချည်း ကျွေးနေတဲ့ ဇနီးဖြစ်သူကို အိန္ဒိယ အမျိုးသား တစ်ဦးက ကွာရှင်းလိုက်ကြောင်း သိရပါတယ်။

Maggiအမှုလို့ နာမည်ပေးထားတဲ့ အဲဒီ ကိစ္စမှာ အမျိုးသားက ကွာရှင်းခွင့် တောင်းခံခဲ့ပြီး အမျိုးသမီးဖက်ကလည်း လက်ခံခဲ့တာကြောင့် နှစ်ဦး သဘောတူ လမ်းခွဲခဲ့ပြီး ဖြစ်တဲ့အကြောင်း အိန္ဒိယ တရားသူကြီး တစ်ဦးဖြစ်တဲ့ အမ်အယ်လ် ရက်ဟူနော့သ်က ပြောပါတယ်။

Maggi အမှုလို့ ခေါ်ရတဲ့ အကြောင်းကတော့ ဇနီးဖြစ်သူဟာ မနက်စာ၊ နေ့လယ်စာ၊ ညစာ အားလုံးကို Maggi တံဆိပ် အသင့်စား ခေါက်ဆွဲဘူးတွေချည်း ကျွေးနေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ခင်ပွန်းဖြစ်သူက ဒီကိစ္စကို တော်တော် ဒေါသထွက်နေပြီး တရားရုံးမှာ အရေးဆိုခဲ့ကြောင့်၊ သူ့ဇနီးဟာ ကုန်စုံဆိုင်သွားပြီး ခေါက်ဆွဲဘူးတွေပဲ အမြဲ ဝယ်နေတယ်လို့ တိုင်တန်းခဲ့ကြောင်း တရားသူကြီးက ပြောပါတယ်။

သူတို့နှစ်ဦးဟာ တစ်နှစ်လောက် ခွဲခွာ နေထိုင်ကြပြီးတဲ့နောက် ၁၉၅၄ ခုနှစ်၊ လက်ထပ် ထိမ်းမြားမှုဆိုင်ရာ အက်ဥပဒေနဲ့အညီ အပြီးသတ် ကွာရှင်းခဲ့ကြတယ်လို့ ရက်ဟူနော့သ်က ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယ လူနေမှု ဓလေ့တွေအရ တရားဝင် ကွာရှင်း ပြတ်စဲမှုတွေဟာ ကျေးလက် ဒေသတွေထက် မြို့ပြ ဧရိယာတွေမှာ ပိုအဖြစ်များတယ်လို့လည်း တရားသူကြီးက ပြောပါတယ်။ ကျေးလက် ဒေသတွေမှာတော့ အိမ်ထောင်ရေး ပြဿနာတွေ ရှိလာရင် ရွာလူကြီးတွေက ကြားဝင် ညှိနှိုင်းပေးကြတာကြောင့် ကွာရှင်းတဲ့ အဆင့်ထိ ရောက်တာမျိုး အတော်နည်းသွားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း အိမ်ထောင်သည် အမျိုးသမီးတွေ ဖိနှိပ်ခံရတဲ့ ဖြစ်ရပ်မျိုးကနေ အကာအကွယ် ပေးနိုင်စွမ်း လျော့ကျသွားနိုင်ကြောင်း သူက သတိပေးသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ အိန္ဒိယကြားမှာ ၁၆၄၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပြီး အိန္ဒိယရဲ့ အရှေ့အာရှ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး မြှင့်တင်မှု မဟာဗျူဟာမှာ မြန်မာဟာ ပထဝီ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း နီပေါ ရဲတပ်ဖွဲ့ဟာ ခတ္တမန္ဒူ မြို့တော်မှာ လူမှောင်ခို ဂိုဏ်းတွေကို ဖြိုခွင်းပြီး လူ ၁၈ ဦးထက် မနည်းကို လူမှောင်ခိုမှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

အိန္ဒိယထွက်​ပြေးတဲ့ စစ်သား ၂၇၆ ​ယောက်ထဲက ပထမအသုတ် ၁၈၄ ဦး​ကို ဇန်နဝါရီ ၂၂ ရက်မှာ​​လေယာဥ်နဲ့​ခေါ်သွားပြီးဒုတိယအသုတ်ကို ဒီက​နေ့မနက်သွား​ခေါ်တာမှာ​လေယာဥ်မ​တော်တဆဖြစ်ခဲ့တာပါ။