Connect with us

Hi, what are you looking for?

သတင်း

ဆင်ဖြူရှင်တံတားစစ်ကောင်စီဂိတ်စခန်းPDFတိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီဘက်မှ ၃ဦးသေ ၁ဦးအရှင်ဖမ်းမိ

စစ်ကောင်စီလက်ပါးစေများကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်၍ ကျန်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုနှင့် အမြန်ဆုံးပူးပေါင်းကြရန်လည်း PDFရဲဘော် တိုက်တွန်းသည်။

(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် တံတားဂိတ်ကို တိုက်ခိုက်မီးရှို့​နေစဥ်။ ဓါတ်ပုံ-​ရေစကြို PDF)
(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် တံတားဂိတ်ကို တိုက်ခိုက်မီးရှို့​နေစဥ်။ ဓါတ်ပုံ-​ရေစကြို PDF)

●လက်နက် ၇လက်နှင့်ကျည်များရရှိ၊ စစ်ကူယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ သေဆုံးမှုများ

ရေစကြိုမြို့နယ် ဆင်ဖြူရှင်တံတားရှိ စစ်ကောင်စီဂိတ်ကို ယနေ့ နေ့လည်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ဦးသေဆုံးပြီး အရှင် ၁ဦး ဖမ်းဆီးရမိခဲ့ကြောင်း ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်တစ်ဦးက ပြောသည်။

“ခွေးသုံးကောင်ကျပြီး ၁ကောင်အရှင်မိတယ်လက်နက်သိမ်းဆည်းရမိတာကတော့ အဲဒီစာရင်းထဲကအတိုင်းပဲ” ဟု PDF ရဲဘော်ကပြောသည်။

(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် တံတားဂိတ်ကို တိုက်ခိုက်မီးရှို့​နေစဥ်။ ဓါတ်ပုံ-​ရေစကြို PDF)
(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် တံတားဂိတ်ကို တိုက်ခိုက်မီးရှို့​နေစဥ်။ ဓါတ်ပုံ-​ရေစကြို PDF)

ဆင်ဖြူရှင် တံတားသည် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအစပ်ရှိပြီး မြစ်တစ်ဖက်ကမ်းစီတွင် ​ရေစကြိုမြို့နင့် ​ချောင်းဦးမြို့တို့ ချိတ်ဆက်​ပေးထား​သောချင်းတွင်းမြစ်ကူးတံတားဖြစ်သည်။တံတားဂိတ်စခန်းကို ယနေ့( ဇွန် ၉ရက် )နေ့လည် ၁၂နာရီတွင် တိုက်ခိုက်ရာ ၁နာရီတွင် သိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီ ဂိတ်စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်းလည်း ၎င်းကဆက်ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် တံတားဂိတ်ကို တိုက်ခိုက်မီးရှို့​နေစဥ်။ ဓါတ်ပုံ-​ရေစကြို PDF)
(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် တံတားဂိတ်ကို တိုက်ခိုက်မီးရှို့​နေစဥ်။ ဓါတ်ပုံ-​ရေစကြို PDF)

“နောက်ထက်လည်း သူတို့ စစ်ကူလာတဲ့ ကားကို မိုင်းဆွဲထားတာရှိတယ်။ အဲဒါ ကား တစ်စီးလုံး စုတ်ပြတ်သွားတယ်။ မိုင်း ၆လုံးဆွဲထားတာဆိုတော့လေ။ ကားပေါ်မှာရှိတဲ့ ခွေးတွေလည်း အကုန်သေတယ်ပြောတယ်” ဟု PDF ရဲဘော်က ပြောသည်။

ယခင်ကလည်း ရေစကြို PDF အနေဖြင့် စစ်ကောင်စီ ရဲစခန်း ၂ခုကို တိုက်ခိုက်ခဲ့ဖူးသည်။

(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် တံတားဂိတ်ကို တိုက်ခိုက်မီးရှို့​နေစဥ်။ ဓါတ်ပုံ-​ရေစကြို PDF)
(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် တံတားဂိတ်ကို တိုက်ခိုက်မီးရှို့​နေစဥ်။ ဓါတ်ပုံ-​ရေစကြို PDF)

စစ်ကောင်စီလက်ပါးစေများကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်၍ ကျန်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုနှင့် အမြန်ဆုံးပူးပေါင်းကြရန်လည်း PDFရဲဘော် တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook