Connect with us

Hi, what are you looking for?

သတင်း

တမူးPDFက စစ်တပ်ထုတ်မြန်မာဘီယာဖာ၁၀၀ဖာနီးပါးကိုဖမ်းဆီးဖျက်ဆီး

တမူးPDFသည်အဆိုပါလမ်းပိုင်းတွင် ယခင်ကလည်းကားများကိုစစ်​​ဆေး၍စစ်တပ်ထုတ်ကုန်များတွ့ပါက ဖမ်းဆီးဖျက်ဆီး​ခဲ့သည်။နယ်​မြေစိုးမိုးရးအတွက် တမူး-က​လေးလမ်းပိုင်းကိုတမူးPDFက မကြာခဏစစ်​ဆေး​လေ့ရှိသည်။

စစ်တပ်ထုတ် မြန်မာဘီယာပုလင်းများကိုတမူးPDFကဖျက်ဆီး​နေစဥ် ။ ။ဓါတ်ပုံ-Just You_TAMU FB
စစ်တပ်ထုတ် မြန်မာဘီယာပုလင်းများကိုတမူးPDFကဖျက်ဆီး​နေစဥ် ။ ။ဓါတ်ပုံ-Just You_TAMU FB

တမူးမြို့နယ်၊ ကလေး – တမူး အာရှလမ်းမတွင် ၊ ကုန်တင်ကားဖြင့်သယ်လာ​သော စစ်​ကောင်စီတပ်ထုတ် မြန်မာဘီယာဖာ ၁၀၀ ခန့်ကို တမူး​မြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့တပ်ရင်း (၃) က ယ​နေ့ည​နေတွင် ဖျက်ဆီးခဲ့​​​ကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များမှသိရသည်။

ဇွန် ၂၀ရက် ည​နေ ၆နာရီဝန်းကျင်တွင်အာရှလမ်းမကြီး​ပေါ်ရှိ နန်မွန်းထားရွာရှေ့တွင် ကုန်တင်ကားဖြင့် သယ်ဆောင်လာသည့် အကြမ်းဖက်စစ်တပ်ထုတ်ကုန် ဘီယာ(၉၈)ဖာ အား တမူး PDF တပ်ရင်း ၃ က ဖမ်းဆီးဖျက်ဆီးခဲ့ခြင်းဖြစ်​ကြောင်း​ဒေသတွင်းသတင်းများ​ဖော်ပြ​ပေး​နေ​သော Just you Tamu ​ဖေစ်ဘွခ်စာမျက်နှာက​ဖော်ပြထားသည်။

စစ်တပ်ထုတ် မြန်မာဘီယာပုလင်းများကိုတမူးPDFကဖျက်ဆီး​နေစဥ် ။ ။ဓါတ်ပုံ-Just You_TAMU FB
စစ်တပ်ထုတ် မြန်မာဘီယာပုလင်းများကိုတမူးPDFကဖျက်ဆီး​နေစဥ် ။ ။ဓါတ်ပုံ-Just You_TAMU FB

ဖမ်းဆီးရမိ​သော မြန်မာဘီယာဖာများကို ​မြေပြင်တွင်တန်းစီချ၍ အ​ပေါ်မှကုန်တင်ကား​မောင်း၍ ဖျက်ဆီးလိုက်သည်ကိုသတင်းဓါတ်ပုံများတွင်​တွေ့ရသည်။

​ဒေသတွင်း PDFများအား​ကောင်း​သောစစ်ကိုင်းတိုင်းတွင် စစ်တပ်ထုတ်ကုန်များသယ်​ဆောင်​ရောင်းချခြင်းမပြုရန် တင်းတင်းကြပ်ကြပ်တားမြစ်ထားပြီး သယ်​ဆောင်ရောင်းချပါက PDFများကသတိ​ပေးကာဖမ်းဆီးဖျက်ဆီး​လေ့ရှိသည်။

Public Service Announcement

Public Service Announcement

တမူးPDFသည်အဆိုပါလမ်းပိုင်းတွင် ယခင်ကလည်းကားများကိုစစ်​​ဆေး၍စစ်တပ်ထုတ်ကုန်များတွ့ပါက ဖမ်းဆီးဖျက်ဆီး​ခဲ့သည်။နယ်​မြေစိုးမိုးရးအတွက် တမူး-က​လေးလမ်းပိုင်းကိုတမူးPDFက မကြာခဏစစ်​ဆေး​လေ့ရှိသည်။

ဇွန်လဆန်းတွင် တမူးသို့စစ်​ကြောင်းထိုးလာ​သောစစ်​ကောင်စီတပ်နှင့် တမူး PDF/ABSDF ပူး​ပေါင်းတပ်တို့ကြားတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်တပ်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းချိတ်ဆက်ထားတဲ့ အဝေးပြေးလမ်းကိုအသုံးပြုပြီး စစ်လက်နက်ပစ္စည်းတွေကားနဲ့သယ်ယူပို့ဆောင်နေတဲ့အတွက် ခရီးသွားတွေသတိပြုသွားလာကြဖို့ မျက်မြင်တွေ့ရှိသူတွေက သတိပေးကြပါတယ်။

Facebook