Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရေး မည်သို့ပင်ပြောင်းလဲစေကာမူ ဖျက်သိမ်းထားသည့် ၂၀၀၈ဖွဲ့စည်းပုံ ရှိတော့မည်မဟုတ်ဟု NUG ရှင်းလင်း

NLD အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြောင်းလဲပစ်ရန် တောက်လျှောက်ကြိုးစားလာခဲ့သော်လည်း စစ်ကောင်စီတပ်က ကိုယ်ကျိုးကြည့်ပြီး ၂၀၀၈ကိုဆွဲကိုင်ထားကြောင်း NUG ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သတင်းစာရှင်းလင်းပွဲ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သတင်းစာရှင်းလင်းပွဲ

နိုင်ငံရေး မည်သို့ပင်ပြောင်းလဲစေကာမူ ဖျက်သိမ်းထားပြီးဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုအခြေခံဥပဒေ ရှိလာမည် မဟုတ်တော့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ယနေ့ညပိုင်းတွင်ပြုလုပ်​နေသည့် သတင်းစာရှင်းလင်းပွဲ၌ ရှင်းလင်းပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က စု၊ ရွေး၊ လွှတ် (ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရေး၊ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရေး၊ လွှတ်တော်ခေါ်ယူရေး) တောင်းဆိုခဲ့မှုအပေါ် လက်ရှိအခြေအနေ NUG ၏ သဘောထားကို သတင်း ထောက်တစ်ဦးက မေးမြန်းရာ NUG ပြောရေးဆိုခွင့်ရှိသူများက ရှင်းလင်းစွာ ဖြေကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သတင်းစာရှင်းလင်းပွဲ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သတင်းစာရှင်းလင်းပွဲ

NLD အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြောင်းလဲပစ်ရန် တောက်လျှောက်ကြိုးစားလာခဲ့သော်လည်း စစ်ကောင်စီတပ်က ကိုယ်ကျိုးကြည့်ပြီး ၂၀၀၈ကိုဆွဲကိုင်ထားကြောင်း NUG ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ပြောသည်။

“နံပါတ်တစ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောတာရှိတယ်။ ပြည်သူလူထုကသာလျင် အဓိကပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံလို့ ပြောတဲ့အခါ အဲဒါက ပြည်သူလူထုက ဆွဲတဲ့ဟာ မဟုတ်ဘူး။ ပြည်သူလူထုက ပယ်ဖျက်ပြီးသားဖြစ်တယ်”ဟု ဒေါက်တာဆာဆာက ပြောသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သတင်းစာရှင်းလင်းပွဲ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သတင်းစာရှင်းလင်းပွဲ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းခြင်းသည် ပြည်သူလူထု ဖြစ်ကြောင်း ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ၂၀၀၈ဖွဲ့စည်းပုံကို ဖျက်သိမ်းပိုင်ခွင့်ရှိကြောင်း၊ CRPHသည် တရားဝင်မှုရှိပြီး လုပ်ပိုင်ခွင့်ရှိကြောင်း ထို့ကြောင့် ရွေးကောက်ခံသည့် လွှတ်တော်ကိုယ်စားလှယ်များမှ တစ်ဆင့် ပြည်သူလူထုက ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဘယ်သောအခါမှာ နောက်ပြန်လာလို့မဖြစ်တဲ့ဟာဖြစ်တယ်။ တော်လှန်ရေးကဆက်သွားမှာ ဖြစ်တယ်။ ဘယ်လိုပဲ နိုင်ငံရေးက ပြောင်းလဲနေစေကာမူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိတော့ဘူး ဖျက်သိမ်းလိုက်ပြီ။ နောက်ပြန်ဆုတ်စရာအကြောင်းလည်းမရှိဘူး”ဟု ဒေါက်တာဆာဆာက ပြောကြားသည်။

NUG ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း စု၊ ရွေး၊ လွှတ်သည် NLD၏ မူဝါဒ မဟုတ်ဘဲ တော်လှန်ရေးအစ ဖြစ်လာကတည်းက တောင်းဆိုခဲ့သည့်တောင်းဆိုချက်သာ ဖြစ်ကြောင်းကို NLD ခေါင်းဆောင်များက ပြောကြားထားသည်ဟု ဆိုသည်။

“ဘယ်လိုမှ ၂၀၀၈ကို ပြန်ပြီးတော့ အသက်သွင်းဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ကျွန်တော်တို့နဲ့ တိုင်းရင်းသားတွေနဲ့ အတူတူ လက်တွဲပြီးသွားနေတဲ့ ဒီတော်လှန်ရေးမှာ ဒီချာတာကို အခြေခံပြီးသွားနေကြတာရှိတယ်။ ထို့အတူပဲ ဘိုင်လထရယ် နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး သွားနေကြတဲ့ သဘောတူညီမှုတွေလည်းရှိထားတယ်။ ဒါကြောင့်မို့လို့ ဘယ်လိုနည်းနဲ့မှ ကျွန်တော်တို့က ဒီ၂၀၀၈ဆိုတာကြီးကို အသက်သွင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”ဟု NUG ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။