Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါတောင်ပိုင်းတွင် စစ်ကောင်စီတပ်က ဘုရားဌာပနာပါမကျန် ခိုးဆိုးလုယက်နေ

အဆိုပါစစ်ကြောင်းသည် ဂန့်ဂေါတောင်ပိုင်းသို့ ဝင်ရောက်သောင်းကျန်းပြီးနောက် လက်ရှိအခြေအနေတွင် ထီးလင်းမြို့နယ်၊ ကင်းပန်းရွာနှင့် သံပုရာရွာအနီးတောထဲတွင် တပ်ဖျောက်ထားကြောင်း PDF – GanGaw တောင်ပိုင်းတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ - PDF - GanGaw
ဓာတ်ပုံ - PDF - GanGaw

ဂန့်ဂေါတောင်ပိုင်းရှိ ကျေးရွာများသို့ ဝင်ရောက်သောင်းကျန်းနေသော အကြမ်းဖက်စစ်ကောင်စီအုပ်စုသည် ပြည်သူပိုင်ပစ္စည်းများသာမက ဘုရားဌာပနာများပါ ခိုးယူလက်ယက်နေကြောင်း PDF – GanGaw တောင်ပိုင်းတပ်ဖွဲ့မှ ယနေ့(ဇွန် ၂၂) အသိပေးထုတ်ပြန်သည်။

စစ်ကောင်စီတပ်များသည် မြစ်သာတမံ ဆည်ပေါ်ဧည့်ရပ်သာ၌ တပ်စွဲပြီး အနီးဝန်းကျင်ကျေးရွာများဖြစ်သည့် ပနန်းရွာ၊ စပါယ်ရွာ၊ ယင်းမာရွာနှင့် စင်ပုံရွာများသို့ ဇွန် ၁၉ ရက်မှ ၂၁ ရက်အထိ စစ်ကြောင်းထိုးဝင်ရောက်သောင်းကျန်းခဲ့ကြောင်း ထုတ်ပြန်သည်။

ထိုသို့ဝင်ရောက်ရာတွင် အရက်ဘီယာများ မူးယစ်သောက်စားကာ ပစ္စည်းများခိုးယူလုယက်ခြင်း၊ ဆိုင်ကယ်များကိုမီးရှို့ဖျက်ဆီးခြင်း၊ ဘုရားဌာပနာများကိုပါခိုးယူခြင်းတို့ကို ကျူးလွန်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

“မိမိတို့ PDF-GANGAW(တောင်ပိုင်း) တပ်ဖွဲ့အနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သောလုပ်ရပ်များအားပြင်းထန်စွာကန့်ကွက်ရှုတ်ချပါသည်”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်သောင်း ကျန်းမှုကြောင့် အထက်ပါကျေးရွာများမှ ဒေသခံပြည်သူတစ်ထောင်ကျော် ဘေးလွတ်ရာ ရှောင်တိမ်းနေရပြီး ဆင်းရဲဒုက္ခများ ရင်ဆိုင်နေကြရကြောင်း အသိပေးသည်။

အဆိုပါစစ်ကြောင်းသည် ဂန့်ဂေါတောင်ပိုင်းသို့ ဝင်ရောက်သောင်းကျန်းပြီးနောက် လက်ရှိအခြေအနေတွင် ထီးလင်းမြို့နယ်၊ ကင်းပန်းရွာနှင့် သံပုရာရွာအနီးတောထဲတွင် တပ်ဖျောက်ထားကြောင်း PDF – GanGaw တောင်ပိုင်းတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။