▪️အဖမ်းခံရသူများထဲတွင် အသက်မပြည့်သေးသည့် လူငယ် သုံးဦးပါဝင်ပြီး အခြားမြို့နယ်များ၌လည်း ပြည်သူများအား ဖမ်းဆီးနေ
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုများအား ဖမ်းဆီးမှုများဆက် တိုက်ပြုလုပ်လျက်ရှိရာ ဇွန်လ ၂၃ရက်မှ ၂၄ရက် အတွင်းဒေသခံပြည်သူ ၂၁ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ရေတပ်မှ အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးကို စစ်တွေမြို့၌ AA ဖမ်းဆီးသွားပြီးနောက် မြို့ကို စစ်ကောင်စီတပ်က ပိတ်ဆို့ပြီး စစ်ဆေးမှုများ တင်းကြပ်စွာလုပ်ဆောင်လျက်ရှိသည်။
စစ်တွေမြို့၌ ဖမ်းဆီးခံရသူများနက် အသက်(၁၈)နှစ်မပြည့်သေးသည့် လူငယ်သုံးဦးပါဝင်ပြီး နောက်ထပ် အဖမ်းခံရသည့် သူများလည်းရှိနိုင်ကြောင်း အသိပေးထားသည်။
အခြားမြို့နယ်များတွင်လည်း စစ်ကောင်စီမှ အပြစ်မဲ့ အရပ်သား ပြည်သူများအား လိုက်လံဖမ်းဆီးလျက်ရှိနေဆဲဖြစ်ကြောင်းလည်း AAက ထုတ်ပြန်သည်။

Public Service Announcement
AA အနေဖြင့်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ရဲများနှင့် စရဖတပ်ဖွဲ့ဝင်များကို မကြာခဏဖမ်းဆီးလျက်ရှိသည်။


















































