Connect with us

Hi, what are you looking for?

သတင်း

စစ်တွေတွင် ၂ရက်အတွင်း အရပ်သား ၂၁ဦးထက်မနည်း စစ်ကောင်စီတပ် ဖမ်းဆီးခဲ့ဟု AA ထုတ်ပြန်

စစ်တွေမြို့၌ ဖမ်းဆီးခံရသူများနက် အသက်(၁၈)နှစ်မပြည့်သေးသည့် လူငယ်သုံးဦးပါဝင်ပြီး နောက်ထပ် အဖမ်းခံရသည့် သူများလည်းရှိနိုင်ကြောင်း အသိပေးထားသည်။

ရက္ခိုင့်တပ်တော်(AA)
ရက္ခိုင့်တပ်တော်(AA)

▪️အဖမ်းခံရသူများထဲတွင် အသက်မပြည့်သေးသည့် လူငယ် သုံးဦးပါဝင်ပြီး အခြားမြို့နယ်များ၌လည်း ပြည်သူများအား ဖမ်းဆီးနေ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုများအား ဖမ်းဆီးမှုများဆက် တိုက်ပြုလုပ်လျက်ရှိရာ ဇွန်လ ၂၃ရက်မှ ၂၄ရက် အတွင်း​ဒေသခံပြည်သူ ၂၁ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော်(AA) ထုတ်ပြန်
ရက္ခိုင့်တပ်တော်(AA) ထုတ်ပြန်

စစ်ကောင်စီ၏ ရေတပ်မှ အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးကို စစ်တွေမြို့၌ AA ဖမ်းဆီးသွားပြီးနောက် မြို့ကို စစ်ကောင်စီတပ်က ပိတ်ဆို့ပြီး စစ်ဆေးမှုများ တင်းကြပ်စွာလုပ်ဆောင်လျက်ရှိသည်။

စစ်တွေမြို့၌ ဖမ်းဆီးခံရသူများနက် အသက်(၁၈)နှစ်မပြည့်သေးသည့် လူငယ်သုံးဦးပါဝင်ပြီး နောက်ထပ် အဖမ်းခံရသည့် သူများလည်းရှိနိုင်ကြောင်း အသိပေးထားသည်။

အခြားမြို့နယ်များတွင်လည်း စစ်ကောင်စီမှ အပြစ်မဲ့ အရပ်သား ပြည်သူများအား လိုက်လံဖမ်းဆီးလျက်ရှိနေဆဲဖြစ်ကြောင်းလည်း AAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

AA အနေဖြင့်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ရဲများနှင့် စရဖတပ်ဖွဲ့ဝင်များကို မကြာခဏဖမ်းဆီးလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။