Connect with us

Hi, what are you looking for?

သတင်း

တပ်မဟာ ၆ နယ်မြေ ဒီမနက်အစောထဲက တိုက်ပွဲဖြစ်နေ

မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့ မနက် ၄ နာရီအချိန်ကစပြီး KNLA KNDO ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကာ နှစ်ဖက်ထိခိုက်မှုတွေလည်းရှိခဲ့တယ်လို့ ပူးပေါင်းအဖွဲ့ထံကနေ သိရပါတယ်။

တပ်မဟာ ၆ နယ်မြေ တိုက်ပွဲ
တပ်မဟာ ၆ နယ်မြေ တိုက်ပွဲ

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ ဝေါ်လေမြို့အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို ဒီကနေ့ မနက်အစောပိုင်းကစပြီး KNLA KNDO ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲပဲဖြစ်တယ်လို့ ပူးပေါင်းအဖွဲ့ထံကနေ သိရပါတယ်။

မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့ မနက် ၄ နာရီအချိန်ကစပြီး KNLA KNDO ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကာ နှစ်ဖက်ထိခိုက်မှုတွေလည်းရှိခဲ့တယ်လို့ ပူးပေါင်းအဖွဲ့ထံကနေ သိရပါတယ်။

Public Service Announcement
Public Service Announcement

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်နဲ့ ဂျက်လေယာဉ်တွေပါရောက်ရှိနေတယ်လို့ ပူးပေါင်းအဖွဲ့သားတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

“ဘယ်စခန်းမှလဲ မသိမ်းရသေးဘူး။ လေကြောင်းကော မြေပြင်ကော နှစ်ခုလုံးနဲ့ထိုးစစ်ဆင်နေတာ” လို့ ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက သူ့ရဲ့လူမှုကွန်ယက်မှာရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။