Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ်မှာ သက်ကြီးပိုင်း ၃ ဦးကိုစစ်ကောင်စီတပ် အနီးကပ်ပစ်သတ်

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပျုစောထီးတွေရဲ့ လက်ချက်နဲ့လောင်းလုံးမြို့နယ်အတွင်း ဇွန်လ ၁၆ ရက်ကနေ ဇွန်လ ၂၆ ရက်အထိ ပြည်သူ ၈ ဦးပစ်ခတ်ခံရကာ ၆ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့သိရပါတယ်။

ဓာတ်ပုံ − သပိတ်ကော်မတီ (ထားဝယ်ခရိုင်)
ဓာတ်ပုံ − သပိတ်ကော်မတီ (ထားဝယ်ခရိုင်)

တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့နယ်အတွင်း မနေ့ ညပိုင်းက သက်ကြီးပိုင်း ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနီးကပ်ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ ထားဝယ်ခရိုင်သပိတ်ကော်မတီက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

လောင်းလုံးမြို့နယ် ၊ကဒက်ကြီးကျေးရွာ ကို မနေ့ကညပိုင်း ၁၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅ ဦးခန့်ဟာ ကား ၂ စီးနဲ့ရောက်လာပြီး နေအိမ် ၅ လုံး ကို ဝင်ရောက်စီးနင်းပြီးဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုစီးနင်းရာမှာ အသက် ၆၁ နှစ်အရွယ် လင်မယား ၂ ဦးကို ဖြစ်တဲ့ ဦးသောင်းဝင်းနဲ့ ဒေါ်ဝင်းအေး ကို လက်ပြန်ကြိုးတုပ်ကာ ပစ်သတ်ခဲ့တယ်လို့ သပိတ်ကော်မတီရဲ့သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဓာတ်ပုံ − သပိတ်ကော်မတီ (ထားဝယ်ခရိုင်)
ဓာတ်ပုံ − သပိတ်ကော်မတီ (ထားဝယ်ခရိုင်)

ပစ်သတ်ပြီး နေအိမ်က ပစ္စည်းအချို့ကို ဖျက်ဆီးသလို တန်ဖိုးကြီးပစ္စည်းနဲ့ ပိုက်ဆံအချို့ကိုလည်း မတရားယူဆောင်သွားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် လောင်းလုံးမြို့နယ် ၊ဂေါ့အင်းကျေးရွာ က အသက် ၅၀ ကျော်အရွယ် ဦးဆန်းဝင်းကိုလည်းနေအိမ် ရှေ့မှာအနီးကပ်ပစ်သတ်သွားတယ်လို့ သပိတ်ကော်မတီက ဆိုထားပါတယ်။

ဓာတ်ပုံ − သပိတ်ကော်မတီ (ထားဝယ်ခရိုင်)
ဓာတ်ပုံ − သပိတ်ကော်မတီ (ထားဝယ်ခရိုင်)

ဦးဆန်းဝင်းကိုသတ်ပြီး နေအိမ်က ပိုက်ဆံ၊ရွှေထည်တချို့နဲ့ဆိုင်ကယ် ကိုပါ ယူဆောင်သွားခဲ့တယ်လို့သိရပါတယ်။

ဒီပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ လုယက်မှုတွေကို လောင်းလုံးမြို့မှာအခြေစိုက်တဲ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ ၊ စရဖ နဲ့ ပန္ဒလဲကျေးရွာမှာ စခန်းချထားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သပိတ်ကော်မတီက အသိပေးထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပျုစောထီးတွေရဲ့ လက်ချက်နဲ့လောင်းလုံးမြို့နယ်အတွင်း ဇွန်လ ၁၆ ရက်ကနေ ဇွန်လ ၂၆ ရက်အထိ ပြည်သူ ၈ ဦးပစ်ခတ်ခံရကာ ၆ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။