Connect with us

Hi, what are you looking for?

သတင်း

ဝမ်​ပေါင်ကုမ္ပဏီ၏ထုတ်ပြန်ချက် ပြည်သူများခံစား​နေရမှုကိုဥပက္ခာပြုပြီး လိမ်ညာထား၍ကန့်ကွက်ရှုပ်ချ​​ကြောင်းအမိ​မြေ​တော်လှန်း​ရေးတပ်ဖွဲ့​ပြော

ဒေသခံနှင့်ပြည်သူလူထုကို ဘေးအန္တရာယ်ဖြစ်စေမည့် လုပ်ရပ်များကို ရှောင်ကြဥ်ပေးရန် အဖွဲ့အစည်းများအားလုံးကို တိုက်တွန်းကြောင်း ​ဝမ်ပေါင်ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

PDF များက ၂၀၂၂ ဧပြီလ ၂၁ ရက်ထုတ်ပြန်ချက်
PDF များက ၂၀၂၂ ဧပြီလ ၂၁ ရက်ထုတ်ပြန်ချက်
●​စီမံကိန်းအ​ပေါ်တိုက်ခိုက်မှုများကိုဝမ်​ပေါင်ကုမ္ပဏီကန့်ကွက်၊ ၂၀၂၁ ​ဖေ​ဖော်ဝါရီမှစ၍စီမံကိန်းရပ်နားထားပြီး၊လတ်တ​လောပဋိပက္ခဖြစ်စဥ်များတွငိပါဝင်ပက်သပ်လိုခြင်းမရှိဟု မြန်မာဝမ်​ပေါင်ကုမ္ပဏီဆို
●ဝမ်​ပေါင်ထုတ်ပြန်ချက်တွင်စီမံကိန်းအနီးပြည်သူများသတ်ဖြတ်အကြမ်းဖက်ခံရမှုကိုချန်လှပ်ထား။​ကြေးနီသန့်စင်မှုများဆက်လုပ်​နေပြီး ဝမ်​ပေါင်တွင်​နေထိုင်စား​သောက်​သောစစ်တပ်ကပြည်သူကိုအကြမ်းဖက်ခြင်းမှာ စီမံကိန်းပါဝင်ပတ်သပ်မှုဟု PDF ​ပြော

တရုတ်ဝမ်ပေါင်ကုမ္ပဏီ၏ ထုတ်ပြန်ချက်သည် ပြည်သူများလက်‌တွေ့ဘဝခံစားနေရသည်ကို ဥပက္ခာပြုသည့်အပြင် လိမ်ညာလှည့်ဖျားခြင်း ၊ တာဝန်ယူလိုစိတ်မရှိခြင်းများ ပြသနေ​သောကြောင့် လုံးဝ(လုံးဝ) ကန့်ကွတ်ရှုံ့ချပါကြောင်းအမိမြေတော်လှန်ရေးတပ်ဖွဲ့ ကထုတိပြန်သည်။

“အနီးပတ်ဝန်းကျင်ရွာတွေ ဒီလောက်ဒုက္ခရောက်နေတာ ။ သူတို့ထုတ်ပြန်ချက်နဲ့ တခြားစီပဲ။ထုတ်ပြန်ချက်ဟာ အလိမ်အညာပြောဆိုထားတာဆိုတာ ပြည်သူတိုင်းသိပါတယ်။စက်ရုံမလည်ပတ်ဘူးဆိုတာ မဟုတ်ဘူး။ သူတို့မှာ ခိုးသွင်းထားတဲ့ ဝန်ထမ်းအင်အား ရာဂဏန်းရှိတယ်။ ဒါတွေနဲ့ လည်ပတ်နေတာ။ ကြေးသန့်စင်နေတာတွေ ရှိတယ်။”ဟုအမိ​မြေ​တော်လှန်​ရေးတပ်ဖွဲမှ တာဝန်ရှိသူက​ပြောသည်။

ထိုအပြင် ၎င်းက “သူတို့ရေးထားတဲ့ လတ်တလောဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်လိုခြင်းမရှိပါဆိုတာလေ။သူတို့ကုမ္ပဏီမှာတည်းခိုစားသောက်ပြီး ဘေးပတ်ဝန်းကျင်က ရွာသားတွေသတ်ဖြတ် ၊ပြည်သူ့ပစ္စည်းတွေကိုခိုးယူ ၊ အဆောက်အဦးတွေကို မီးရှို့နေတာတောင် ပါဝင်ပတ်သက်ခြင်းမရှိဘူးဆိုတာ ပြောင်လိမ်‌နေတာပဲ။အခုထုတ်ပြန်ချက်ဟာ အာဏာဘဝင်ရူး သူ့ကိုယ်သူ ဘုရားလို့ထင်နေတဲ့ မင်းအောင်လှိုင်ကို –င်ကုန်းပေးနေတဲ့ ထုတ်ပြန်ချက်သာဖြစ်တယ်”ဟုဆက်​ပြောသည်။

စစ်ကိုင်းတိုင်း ၊ဆားလင်းကြီးမြို့နယ်ရှိ လက်ပန်းတောင်ကြေးနီစီမံကိန်း၏ မြန်မာဝမ်ပေါင်​ကြေးနီတူး​ဖော်​ရေးလီမိတက်က ယမန်နေ့ ဇွန်လ၂၇ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါကြေညာချက်တွင်လက်ပန်းတောင်းတောင်သတ္တုတွင်းဧရိယာသည်လက်နက်ကိုင်အဖွဲ့များ၏ဆက်တိုက်တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း၊တာဝေးပစ်လက်နက်များဖြင့် သတ္တုတွင်းဧရိယာအတွင်းသို့ ဗုံးအများအပြားပစ်လွှတ်ခဲ့ပြီး ဗို့အားမြင့်တာဝါတိုင်မှာလည်းဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း၊လူသေထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း၊ အဆိုပါလုပ်ရပ်မှာ စီမံကိန်းဆိုက်ထဲရှိ ဝန်ထမ်းများ၏ အသက်လုံခြုံရေးကို အလေးမထားသကဲ့သို့ စီမံကိန်းပတ်ဝန်းကျင်ကိုလည်း ထိခိုက်ပျက်စီးစေကြောင်း၊ အဆိုပါလုပ်ရပ်ကို ပြင်းထန်စွာရှုံ့ချကြောင်း ရေးသားထားသည်။

လုပ်ငန်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ရပ်ဆိုင်းထားသည်ဟုဆိုပြီး စက်ရုံတွင် ဝန်ထမ်းအချို့ ကျန်ရစ်သည်ဟုကုမ္ပဏီကဆိုသည်။ လုပ်ငန်းရပ်ဆိုင်းထားသော်လည်း ဝန်ထမ်းများအတွက် ထောက်ပံ့ကူညီမှုများ ဆက်လုပ်ပေးနေသည်ဟုဆိုသည်။

စီမံကိန်းအား တိုက်ခိုက်မှုသည် မြန်မာဝန်ထမ်းများ ဝင်ငွေဆုံးရှုံးစေနိုင်ပြီး လျှပ်စစ်ဓါတ်အားပြတ်တောက်မှုသည် စီမံကိန်းဝန်းကျင်ဒေသကို ထိခိုက်စေမည်ဟုဆိုထားသည်။

ဒေသခံနှင့်ပြည်သူလူထုကို ဘေးအန္တရာယ်ဖြစ်စေမည့် လုပ်ရပ်များကို ရှောင်ကြဥ်ပေးရန် အဖွဲ့အစည်းများအားလုံးကို တိုက်တွန်းကြောင်း ​ဝမ်ပေါင်ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိုအပြင် စီမံကိန်းအနေဖြင့် လက်တလောပဋိပက္ခဖြစ်စဥ်များတွင် ပါဝင်ပတ်သက်လိုခြင်းမရှိဟုဆိုသည်။ စီမံကိန်းဝန်ထမ်းများ၏ အသက်အန္တရာယ်၊အသက်မွေးဝမ်းကျောင်းခွင့်နှင့်လွတ်လ​ပ်စွာရွေးချယ်ခွင့် များအားလေးစားပေးရန်တိုက်တွန်း​ကြောင်း​တရုတ်ကုမ္ပဏီကဆိုသည်။

သို့​သော် ​ကြေးနီစီမံကိန်းအနီးရှိ​ကြေးရွာများကို စစ်​ကောင်စီတပ်က လူသတ်ခြင်း၊​ဖမ်းဆီးခြင်း၊ပစ္စည်းများလူယုဖျက်ဆီးခြင်း၊​နေအိမ်များ မီးရှို့ခြင်း စသည်တို့ကိုမူ မြန်မာဝမ်​​ပေါင်ကုမ္ပဏီက​ဖော်ပြထားခြင်းမရှိ​ပေ ။

အဆိုပါထုတ်ပြန်ချက်သည် ပြည်သူများ၏ လက်‌တွေ့ဘဝခံစားနေရသည်ကို ဥပက္ခာပြုသည့်အပြင် လိမ်ညာလှည့်ဖျားခြင်း ၊ တာဝန်ယူလိုစိတ်မရှိခြင်းများ ပြသနေကြောင်း၊ ထို့ကြောင့် မိမိတို့တော်လှန်ရေးတပ်ဖွဲ့အနေဖြင့် လုံးဝ(လုံးဝ) ကန့်ကွတ်ရှုံ့ချကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က တန်ပြန်အသိပေးထားသည်။

စစ်​ကောင်စီတပ်သည်ဆားလင်းကြီးမြို့နယ်မိုးကြိုးပြင်(မြောက်)ကျေးရွာကို ဇွန်လ ၂၁ ရက် နံနက် ၁၁ နာရီခန့်မှစ၍ ဝင်​ရောက်စီးနင်းကာ ပြည်သူ ၂ ဦးကို ဖမ်းဆီးပြီး လည်လှီးခြင်း၊ ဓါးဖြင့်ဝမ်းဗိုက်အားထိုးခြင်း၊ ခြေလက်များကိုခုတ်ထစ် သတ်ဖြတ်ခဲ့​ကြောင်း ​ဒေသခံများက​ပြောသည်။ မိုးကြိုးပြင်​မြောက်ရွာကိုစစ်​ကောင်စီတပ်က တစ်​နေကုန်အကြမ်းဖက်ခဲ့ပြီးရွာလုံးကျွတ်မီးရှို့ခဲ့သည်။အကြမ်းဖက်စစ်တပ်က ​ဖောင်းကား(​တောင်)ရွာမှ ပြည်သူနှစ်ဦးကို ဇွန် ၂၁ ရက် မနက် ၈ နာရီ​ကျော်တွင်ဖမ်းဆီး၍ မိုးကြိုးပြင်ရွာသို့သွား​ရောက် အကြမ်းဖက်စီးနင်းခဲ့ခြင်းဖြစ်သည်။မိုးကြိုးပြင်ရွာတွင် အသတ်ခံရ​သောပြည်သူနှစ်ဦးမှာ ကိုတင်စိုးနှင့် ကိုပွကြီးတို့ဖြစ်သည်။

ထို​နောက် SRA နှင့် CDF တို့ကပူး​ပေါင်း၍ ဝမ်​ပေါင်​ကြေးနီးစီကိန်းကို ဇွန် ၂၁ ရက်တွင်လက်လုပ်လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အကြမ်းဖက်စစ်​ကောင်စီတပ်က ​ကြေးနီစီမံကိန်းအနီးရှိ ​ကျေးရွာများကို ဖမ်းဆီးလူသတ်အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုများဆက်တိုက်ပြုလုပ်​သောကြောင့် ဝမ်ပေါင်​ကြေးနီစီမံကိန်းဝန်းကျင်ရှိ ကျေးရွာ ခြောက်ရွာမှဒေသခံပြည်သူ​သောင်းနှင့်ချီထွက်ပြေးတိမ်းရှောင်​နေကြရသည်။

​ဒေသတွင်း PDF များကလည်း ပူး​ပေါင်း၍ ဇွန်လ ၂၂ရက်၊ ည (၉)နာရီခန့်က ဝမ်ပေါင်ကုမ္ပဏီအတွင်းရှိ ကင်းငယ်စခန်းတစ်ခုအား လက်နက်ငယ်များဖြင့် ဒေသတွင်းPDFများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း ဆက်လက်တိုက်ခိုက်ခဲ့သည်။ ဇွန်လ၂၄ရက်တွင်လက်ပံတောင်းတောင် ဝမ်ပေါင်ကြေးနီစီမံကိန်းသို့သွယ်တန်းထားသည့် ပင်မဓာတ်အားလိုင်းကို ဒေသတွင်း Pdf အဖွဲ့များကဖောက်ခွဲ ဖြိုချခဲ့သည်။

အပြစ်မဲ့ပြည်သူများအား ဖမ်းဆီး၊သတ်ဖြတ်၍ ပစ္စည်းများခိုးယူနေသော အကြမ်းဖက်စစ်တပ်ကို ဝမ်ပေါင်ကုမ္ပဏီကရိက္ခာထောက်ပံ့ခြင်း၊လက်ခံထားရှိခြင်း နှင့် အားပေးအားမြှောက်ပြုနေပြီး အကြမ်းဖက်စစ်တပ်နှင့်ဆက်လက်ပူးပေါင်းနေမည်ဆိုပါက တော်လှန်ရေးအင်အားစုများပူးပေါင်းကာ ဆက်လက်တိုက်ခိုက်သွားမည်ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့က သတိပေးခဲ့သည်။

ထိုအပြင်ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းများလည်း နှုတ်ထွက်ကြရန် အမိမြေတော်လှန် ရေးတပ်ဖွဲ့က သတိပေးထားသည်။

တရုတ်နိုင်ငံအနေဖြင့်လည်း အကြမ်းဖက်စစ်တပ်ပေါ်ထားရှိသည့် မူဝါဒကို ပြန်လည်သုံးသပ်သင့်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် လက်တွဲ၍ ဖက်ဒရယ်ဒီမို ကရေစီအမြန်ဆုံးပေါ်ပေါက်အောင်ကူညီနိုင်သည့် မူဝါဒနှင့် ဆက်ဆံရေးများထားရှိရန်အမိမြေတော်လှန်ရေးတပ်ဖွဲ့ကတိုက်တွန်း

ထားသည်။

ထိုအပြင် ဆားလင်းကြီး-ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ဆားလင်းကြီးမြို့နယ်အတွင်းစစ်​ကောင်စီ​၏ မြန်မာဦးပိုင်လိမိတက်နှင့် တရုတ်ယန်စီကုမ္ပဏီတို့ ပူး​ပေါင်းလုပ်​ကိုင်နေ​သောကြေးနီစီမံကိန်းများအားလုံးရပ်ဆိုင်းပြီး ဝန်ထမ်းများအားလုံး မေလ ၅ ရက်နေ့နောက်ဆုံးထားကာ CDM ပြုလုပ်ကြရန် ဧပြီ ၂၁ ကြိုတင်ထုတ်ပြန်​ကြေညာခဲ့သည်။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး အတွက်ဘဏ္ဍာ ရေသောက်မြစ် လက်တက်တစ်ခုကို ဆွဲနုတ်ဖယ်ရှားရန်အတွက် မည်သည့်တိုက်ခိုက်ရေး နည်းလမ်းများကိုမဆို ကျင့်သုံးမည်ဖြစ်ကြောင်းကို ဒေသတွင်းကြေးနီ စီမံကိန်းများနှင့်ပတ်သက်သူအားလုံးအား အသိပေးလိုက်ကြောင်း ထိုသတိပေးချက်တွင်​​ဖော်ပြထားသည်။

​ကြေးနီစီမံကိန်းလုံခြုံ​ရေးယူထား​သောစစ်​ကောင်စီတပ်နှင့် ​ဒေသခံ PDF များ မကြာခဏ တိုက်ပွဲများ၊ပစ်ခတ်မှုများဖြစ်ခဲ့​သော်လည်း ဇွန် ၂၁ ရက်တွင် မိုးကြိးပြင် (​မြောက်)ရွာကို စစ်တပ်က အကြမ်းဖက်ပြီး​နောက် တိုက်ပွဲများပိုမိုပြင်းထန်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၄ခုနှစ်အတွင်း ကုမ္ပဏီ ၂၀,၀၀၀ ခန့်ကို စစ်ကောင်စီက ဖျက်သိမ်းခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာနက စာရင်းများအရသိရသည်။

သတင်း

ဒေါက်တာဝင်းကျော်နှင့် ၎င်း၏ ဇနီးဖြစ်သူ ခင်ကေခိုင်တို့က ဦးဆောင်သည့် Mascots Group of Companies က အထက်ပါတရုတ်ကုမ္ပဏီများနှင့် စစ်အုပ်စုအကြား စီးပွားရေးလုပ်ဆောင်နိုင်ရန် ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးကြောင်း JFM က စုံစမ်းဖော်ထုတ်သည်။

သတင်း

ဂျာမန်ကုမ္ပဏီ Traton SE၏ လက်အောက်ခံကုမ္ပဏီ MAN SEသည် Sinotruk ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီ Sinotruk (Hongkong)တွင် ရှယ်ယာ ၂၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။

သတင်း

ကုမ္ပဏီများကို အွန်လိုင်းတဆင့်မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်ထားသည့် ကုမ္ပဏီအမျိုးအစား၊ဒါရိုက်တာများ၊ ကုမ္ပဏီလိပ်စာများနှင့် ကုမ္ပဏီအကြောင်းအရာများ အများပြည်သူကြည့်ရှုနိုင်ရန် ဖော်ပြထားခြင်းဖြစ်သည်။