Connect with us

Hi, what are you looking for?

သတင်း

အင်တာနက်ပိတ်ဆို့မှုများအတွက် စစ်အုပ်စုကို ပံ့ပိုးကူညီနေသည့် Mascots Group နှင့် တရုတ်ကုမ္ပဏီနှစ်ခုကို ဒဏ်ခတ်ပိတ်ဆို့ရန် JFM တောင်းဆို

ဒေါက်တာဝင်းကျော်နှင့် ၎င်း၏ ဇနီးဖြစ်သူ ခင်ကေခိုင်တို့က ဦးဆောင်သည့် Mascots Group of Companies က အထက်ပါတရုတ်ကုမ္ပဏီများနှင့် စစ်အုပ်စုအကြား စီးပွားရေးလုပ်ဆောင်နိုင်ရန် ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးကြောင်း JFM က စုံစမ်းဖော်ထုတ်သည်။

အင်တာနက်ပိတ်ဆို့မှုများအတွက် စစ်အုပ်စုကို ပံ့ပိုးကူညီနေသည့် Mascots Group နှင့် တရုတ်ကုမ္ပဏီနှစ်ခုကို ဒဏ်ခတ်ပိတ်ဆို့ရန် JFM တောင်းဆို
အင်တာနက်ပိတ်ဆို့မှုများအတွက် စစ်အုပ်စုကို ပံ့ပိုးကူညီနေသည့် Mascots Group နှင့် တရုတ်ကုမ္ပဏီနှစ်ခုကို ဒဏ်ခတ်ပိတ်ဆို့ရန် JFM တောင်းဆို

▪️ဒေါက်တာဝင်းကျော်နှင့် ဇနီးဖြစ်သူ ခင်ကေခိုင်တို့ ဦးဆောင်သည့် Mascots Group မှာ တရုတ်ကုမ္ပဏီများနှင့် စစ်အုပ်စုတို့အကြား ကြားခံပွဲစားအဖြစ်ဆောင်ရွက်နေဟုဆို

ထားအိ/People’s Spring

စစ်ကောင်စီအတွက် အင်တာနက် စုံစမ်းထောက်လှမ်းရေးနှင့် အင်တာနက်ဆင်ဆာဖြတ်တောက်ရေးနည်းပညာ ပေးအပ်နေသော မြန်မာကုမ္ပဏီ Mascots Group နှင့် တရုတ်ကုမ္ပဏီနှစ်ခုကို ဒဏ်ခတ်ပိတ်ဆို့မှုများ အရေးတကြီး ချမှတ်ရန် Justice For Myanmar က ထုတ်ပြန်တောင်းဆိုသည်။

Justice For Myanmar သည် ‘ဒစ်ဂျစ်တယ်ထောက်လှမ်းရေးနှင့် အင်တာနက် ဆင်ဆာဖြတ်တောက်ရေးလုပ်ငန်းများရှိ မြန်မာစစ်အုပ်စု၏ မိတ်ဖက်များ’စုံစမ်းသုတေသနစာတမ်းကို ထုတ်ပြန်ခဲ့ပြီး ၎င်းတို့၏ သုတေသနအရ တရုတ်ကုမ္ပဏီနှစ်ခု၏ ပါဝင်ပတ်သက်နေမှုများကို ဖော်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။

ထို့အပြင် ဒေါက်တာဝင်းကျော်နှင့် ၎င်း၏ ဇနီးဖြစ်သူ ခင်ကေခိုင်တို့က ဦးဆောင်သည့် Mascots Group of Companies က အထက်ပါတရုတ်ကုမ္ပဏီများနှင့် စစ်အုပ်စုအကြား စီးပွားရေးလုပ်ဆောင်နိုင်ရန် ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးကြောင်း JFM က စုံစမ်းဖော်ထုတ်သည်။

Public Service Announcement

Public Service Announcement

“တရုတ်ကုမ္ပဏီတွေနဲ့ သူတို့ရဲ့ မြန်မာ ခရိုနီအပေါင်းအပါတွေက စုံစမ်းထောက်လှမ်းရေးနဲ့ အင်တာနက်ဆင်ဆာဖြတ်တောက်ရေး နည်းပညာ တွေကို တရားမဝင်စစ်အုပ်စုထံ ပေးအပ်နေပြီး၊ ဒါက လူသန်းပေါင်းများစွာအပေါ် ထိခိုက်သက်ရောက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

ဆက်လက်ပြီး “အစိုးရများအနေနဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေတဲ့ မြန်မာနဲ့ နိုင်ငံခြား ကုမ္ပဏီတွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေကနေတဆင့် အရေးယူဆောင်ရွက်မှုတွေကို အဆောတလျင် မဖြစ်မနေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက တိုက်တွန်းသည်။

ဒေါက်တာဝင်းကျော်နှင့် ၎င်း၏ ဇနီးဖြစ်သူ ခင်ကေခိုင်တို့၏ ခရိုနီကုမ္ပဏီ Mascots Group of Companies မှာ မြန်မာ၊ စင်ကာပူနှင့် ထိုင်းနိုင်ငံများရှိ အနည်းဆုံး ကုမ္ပဏီပေါင်း ၃၀ ကျော်ပါဝင်သည့် ကွန်ရက်တွင် ပါဝင်ပတ်သက်နေသူများ ဖြစ်ကြောင်း JFM က ဖော်ပြသည်။

တရားမဝင်မြန်မာစစ်အုပ်စုသည် ဒစ်ဂျစ်တယ်အာဏာရှင်စနစ်တစ်ရပ် တည်ဆောက်ရေး အရှိန်မြှင့်တင် ဆောင်ရွက်နေသည့်အလျောက် မြန်မာအင်တာနက်အသုံးပြုသူများအပေါ် စုံစမ်းထောက်လှမ်းရေးနှင့် အင်တာနက်ဆင်ဆာ ဖြတ်တောက်ရေး ၎င်း၏ကြိုးပမ်းမှုများတွင် တရုတ်နိုင်ငံထုတ် ပစ္စည်းကိရိယာများ၊ နည်းပညာများနှင့် ပံ့ပိုးကူညီမှုများကို ရရှိအသုံးပြုနေကြောင်း သိရသည်။

အကြမ်းဖက်စစ်ခေါင်းဆောင်များသည် တော်လှန်ရေးကို အရှိန်လျော့စေလိုသည့်သဘောဖြင့် အင်တာနက်ပိတ်ဆို့ရန် လုပ်ဆောင်ခြင်းဖြစ်သော်လည်း တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှု၊ တိုင်းပြည်ရှိ လူငယ်များ၏ အသိဉာဏ်ပညာရှာဖွေနိုင်မှု စသည့်ကဏ္ဍများအပေါ်တွင်လည်း သက်ရောက်မှုရှိသည်ကို စဥ်းစားတွေးတောနိုင်စွမ်းမရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

“နောက်တစ်ခုက စီးပွားရေး ကိစ္စတွေဆိုလည်း ဒီအင်တာနက်လိုင်းတွေကို အသုံးချပြီး လုပ်ကြရတဲ့ ကိစ္စတွေပေါ့။ အဲဒါတွေ အားလုံးအပေါ်မှာ သက်ရောက်မှု ရှိပြီးတော့ တိုင်းပြည်ရဲ့ စီးပွားရေး လုပ်ငန်းတွေအပေါ်မှာလည်း ထိခိုက်လာနိုင်သလို တိုင်းပြည်ရဲ့ ဖွံ့ဖြိုးရေးကိစ္စတွေလည်း နှောင့်နှေးကြံ့ကြာတာမျိုးတွေ အများကြီးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်တွေက ဒီလိုကိစ္စမျိုးတွေကို တွေးမှာလည်းမဟုတ်ဘူး။ ဂရုစိုက်မှာလည်းမဟုတ်ဘူး။ သူတို့ကတော့ သူတို့ လိုဘပြည့်ဖို့တစ်ခုကလွဲပြီး ကျန်တာတွေ ဘာမှ ဂရုစိုက်မှာမဟုတ်ပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အင်တာနက်ပိတ်ဆို့ဖြတ်တောက်မှုနှင့်ပတ်သက်၍ နည်းပညာရှင်လူငယ်တစ်ဦးက “အဓိကကတော့ သူတို့ ထိန်းချုပ်မှုအောက်မှာမရှိတဲ့ social media တွေကို ပိတ်ချင်တာကြောင့်ဖြစ်မယ်လို့ယူဆရပါတယ်။ အရင်ထဲက Facebook၊ Instagram ဒါတွေကိုပိတ်ထားတယ်။​ ဒါပေမဲ့ ပြည်သူတွေက VPN တွေကိုသုံးပြီးကျော်သုံးကြတယ်။ အဲ့ဒါကြောင့် VPN တွေကိုပါထပ်ပိတ်ဖို့လုပ်တာ။ ဒါပေမဲ့ VPN တွေအများကြီးရှိတော့ အကုန်လုံးလိုက်ပိတ်ဆိုတာ ခက်ခဲပါတယ်။ တရုတ်မှာတောင် ရအောင်အသုံးပြုနိုင်တဲ့ နည်းလမ််းတွေရှိပါသေးတယ်။ လူအသုံးများတဲ့ VPN တွေကတော့ အပိတ်ခံရခြေပိုများတာပေါ့” ဟု မှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

Facebook