Connect with us

Hi, what are you looking for?

သတင်း

ဘန့်​ဘွေးရွာတွင်တပ်စွဲထား​သောစစ်​ကောင်စီတပ်နှင့်ပျူများကိုတိုက်ခိုက်ရာစနိုက်ပါ​ကြောင့်စစ်သားတစ်ဦး​သေ

အကြမ်းဖက်စစ်သားတစ်ဦး Sniperကျည်ထိမှန်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသော စစ်သားများလည်းရှိသည်ဟုလည်းပါရှိသည်။

(အမိ​မြေ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-အမိ​မြေ)
(အမိ​မြေ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-အမိ​မြေ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာတွင်တပ်စွဲထားသောစစ်​ကောင်စီတပ်နှင့်ပျူစောထီးများအား မဟာမိတ်အဖွဲ့ပူးပေါင်းတိုက်ခိုက်ရာ စစ်သားတစ်ဦး စနိုက်ပါလက်ချက်ကြောင့်သေဆုံးသွားကြောင်းအမိမြေတော်လှန်ရေးတပ်ဖွဲ့​က သတင်းထုတ်ပြန်သည်။

ယနေ့(ဇွန်လ၂၉ရက်နေ့)တွင် ယင်းမာပင်မြို့နယ်ရှိ ပျူစောထီးကြီးစိုးရာဘန့်ဘွေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူများကို Sniper နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်လုပ် ၄ဝမမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြမ်းဖက်စစ်သားတစ်ဦး Sniperကျည်ထိမှန်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသော စစ်သားများလည်းရှိသည်ဟုလည်းပါရှိသည်။

“အခြေအနေက sniper ထိမှန်ပြီး ​ွေးတစ်ကောင်သေတယ်။ အဝေးပစ်တွေကြောင့် အထိအခိုက်ရှိတယ်။ ကျန်တာက ပြောလို့အဆင်မပြေသေးဘူး။”ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုအား အမိမြေတော်လှန်ရေးတပ်ဖွဲ့နှင့်အတူ KLG၊ Alpha၊ Triple Two၊ Dragon Brother Task Force၊ Yoma Fighter၊ ဗျတ္တညီနောင်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇွန်လ(၁၁)ရက် ညနေပိုင်းကလည်း ဘန့်ဘွေးရွာရှိ အကြမ်းဖက်အုပ်စုကို ဒေသတွင်း မဟာမိတ်အဖွဲ့များက လက်နက်ကြီးများဖြင့် ရာချီပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook