Connect with us

Hi, what are you looking for?

သတင်း

ဘန့်​ဘွေးရွာတွင်တပ်စွဲထား​သောစစ်​ကောင်စီတပ်နှင့်ပျူများကိုတိုက်ခိုက်ရာစနိုက်ပါ​ကြောင့်စစ်သားတစ်ဦး​သေ

အကြမ်းဖက်စစ်သားတစ်ဦး Sniperကျည်ထိမှန်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသော စစ်သားများလည်းရှိသည်ဟုလည်းပါရှိသည်။

(အမိ​မြေ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-အမိ​မြေ)
(အမိ​မြေ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-အမိ​မြေ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာတွင်တပ်စွဲထားသောစစ်​ကောင်စီတပ်နှင့်ပျူစောထီးများအား မဟာမိတ်အဖွဲ့ပူးပေါင်းတိုက်ခိုက်ရာ စစ်သားတစ်ဦး စနိုက်ပါလက်ချက်ကြောင့်သေဆုံးသွားကြောင်းအမိမြေတော်လှန်ရေးတပ်ဖွဲ့​က သတင်းထုတ်ပြန်သည်။

ယနေ့(ဇွန်လ၂၉ရက်နေ့)တွင် ယင်းမာပင်မြို့နယ်ရှိ ပျူစောထီးကြီးစိုးရာဘန့်ဘွေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူများကို Sniper နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်လုပ် ၄ဝမမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြမ်းဖက်စစ်သားတစ်ဦး Sniperကျည်ထိမှန်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသော စစ်သားများလည်းရှိသည်ဟုလည်းပါရှိသည်။

“အခြေအနေက sniper ထိမှန်ပြီး ​ွေးတစ်ကောင်သေတယ်။ အဝေးပစ်တွေကြောင့် အထိအခိုက်ရှိတယ်။ ကျန်တာက ပြောလို့အဆင်မပြေသေးဘူး။”ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုအား အမိမြေတော်လှန်ရေးတပ်ဖွဲ့နှင့်အတူ KLG၊ Alpha၊ Triple Two၊ Dragon Brother Task Force၊ Yoma Fighter၊ ဗျတ္တညီနောင်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇွန်လ(၁၁)ရက် ညနေပိုင်းကလည်း ဘန့်ဘွေးရွာရှိ အကြမ်းဖက်အုပ်စုကို ဒေသတွင်း မဟာမိတ်အဖွဲ့များက လက်နက်ကြီးများဖြင့် ရာချီပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့ရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ကဝိုင်းမော်မြို့၊ မုတ်လွဲရွာကို စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့်ဒေသခံများနေထိုင်သည့်အိမ်​ပေါ်သို့ကျရောက် ပေါက်ကွဲခဲ့ပြီး အရပ်သားနှစ်ဦးဒဏ်ရာရခဲ့သည်။

သတင်း

မြို့မကျောင်းဆရာတော်က ပြည်သူများထွက်ခွာခွင့်ပေးရန် စစ်ကောင်စီထံတောင်းဆိုသော်လည်းထွက်ခွင့်မ​ပေး

သတင်း

ကရင်ပြည်နယ်၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ် နားက စစ်ကောင်စီတပ်ရဲ့ လေးဝေါ် (မော်ဖားသူး) တပ်စခန်းကို KNU တပ်မဟာ (၇) နဲ့ ပူးပေါင်းတပ်က ဧပြီလ ၁၈ ရက်ညနေပိုင်းမှာ စတင်ပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

သတင်း

သပိတ်ကျင်းမြိုနယ်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း ပြည်သူ ၄၀ သေဆုံးဝန်းကျင် သေဆုံး