Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့နယ်တွင် တပ်စွဲထားသောစစ်ကောင်စီတပ်ကို ဝင်တိုက်ရာ ခုနှစ်ဦးသေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့ ထုတ်ပြန်

အလားတူ ဇွန် ၂၃ ရက်က လွယ်မကူးတောင် ကုန်းပေါ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို အထူးစစ်ဆင် ရေးအဖွဲ့က စနိုက်ဘာဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး သေဆုံးသူ နှစ်ဦးရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့
အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့

ရှမ်း-ကရင်နီ(ကယား)ပြည်နယ်အစပ် ဖယ်ခုံမြို့နယ်၊ လွယ်မကူးရွာ‌တောင် နှင့်လွယ်ဟယ်ရွာတို့တွင်တပ်စွဲထားသောစစ်ကောင်စီတပ်ကို ဝင်တိုက်ရာ စစ်ကောင်စီတပ်သား ခုနှစ်ဦးသေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့က ထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၁ ရက်)နံနက်ပိုင်းက လွယ်မကူးရွာ‌တောင် နှင့်လွယ်ဟယ်ရွာတို့တွင်တပ်စွဲထားသော စစ်ကောင်စီစခန်းကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေး၏ Sniper အဖွဲ့နှင့် Fighter အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့
အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့

ဇွန်လ၂၉ ရက်ကလည်း လွယ်ဟယ်ရွာတွင် တပ်စွဲထားသောရန်သူအား အထူးစစ်ဆင်းရေး Sniperအဖွဲ့နှင့် Fighterအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားငါးဦးသေဆုံးကြောင်း အသိပေးထားသည်။

အလားတူ ဇွန် ၂၃ ရက်က လွယ်မကူးတောင် ကုန်းပေါ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို အထူးစစ်ဆင် ရေးအဖွဲ့က စနိုက်ဘာဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး သေဆုံးသူ နှစ်ဦးရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။