Connect with us

Hi, what are you looking for?

သတင်း

မြန်မာစစ်တပ်၏လေကြောင်း ကျူးကျော်မှု ကြီးမားသည့်ကိစ္စရပ်မဟုတ်ဟု ထိုင်းဝန်ကြီးချုပ်​ပြော

အာဏာသိမ်းစစ်ကောင်စီတပ်၏ MIG-29 တိုက်လေယာဉ်သည် ထိုင်းပိုင်နက်သို့ ၄ သို့မဟုတ် ၅ ကီလိုမီတာခန့်ကျူးကျော်ခဲ့ပြီး အဆိုပါဖြစ်ရပ်ကြောင့် ထိုင်းဒေသခံများမှာ အထိတ်တလန့်ဖြစ်ခဲ့ကာ စာ သင်ကျောင်း ၂ ခုကိုလည်း အရေးပေါ်ပိတ်ခဲ့ရသည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ။ ဓါတ်ပုံ-ပတ္တရား​မေးလ်
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ။ ဓါတ်ပုံ-ပတ္တရား​မေးလ်

ထိုင်းလေပိုက်နက်သို့ မြန်မာစစ်​ကောင်စီတပ်၏ကျူးကျော်မှုသည်ကြီးမားသည့်ကိစ္စရပ်မဟုတ်ကြောင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက ယနေ့ပြောကြားသည်။

“သူတို့(မြန်မာစစ်တပ်)ပြောတာက သူတို့ မရည်ရွယ်ဘဲဖြစ်ပွားခဲ့တယ်။ ထိုင်းပိုင်နက်နယ်နိမိတ်ကို အနည်းငယ် ကျော်လွန်မလာခင်မှာ သူတို့ ခပ်ကျယ်ကျယ်ပြန်ကွေ့ခဲ့တယ်။ ကျွန်တော်တို့ အနေနဲ့လည်း နိုင်ငံတကာစံနှုန်းတွေအတိုင်း အဲဒါကို တုံ့ပြန်ဖို့ တိုက်လေယာဉ်နှစ်စီး စေလွှတ်ခဲ့ တယ်” ဟု ထိုင်းဝန်ကြီးချုပ်က ပညာရေးဝန်ကြီးဌာနသို့ ရောက်ရှိစဉ် သတင်းထောက်များကို ပြောသည်။

ဆက်လက်ပြီး “ဒါက ကြီးမားတဲ့ကိစ္စမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

စစ်​ကောင်စီတပ်၏ တိုက်လယာဥ် ထိုင်းပိုင်နက်သို့​ကျော်လွန်​ရောက်ရှိစဥ်။
စစ်​ကောင်စီတပ်၏ တိုက်လယာဥ် ထိုင်းပိုင်နက်သို့​ကျော်လွန်​ရောက်ရှိစဥ်။

မြန်မာစစ်သံမှူးကလည်း အဆိုပါဖြစ်ရပ်အတွက် တောင်းပန်ခဲ့ပြီး နှစ်နိုင်ငံအကြား ကောင်းမွန်သည့်ဆက်ဆံရေးရှိပြီး အကြောင်းကိစ္စရှိလာပါကလည်း နှစ်ဖက်ဆွေးနွေးပြောဆိုနိုင်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်ကဆိုသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီတပ်၏ MIG-29 တိုက်လေယာဉ်သည် ထိုင်းပိုင်နက်သို့ ၄ သို့မဟုတ် ၅ ကီလိုမီတာခန့်ကျူးကျော်ခဲ့ပြီး အဆိုပါဖြစ်ရပ်ကြောင့် ထိုင်းဒေသခံများမှာ အထိတ်တလန့်ဖြစ်ခဲ့ကာ စာ သင်ကျောင်း ၂ ခုကိုလည်း အရေးပေါ်ပိတ်ခဲ့ရသည်။

စစ်ကောင်စီ၏ MIG-19 တိုက်လေယာဉ်သည် ၁၅ မိနစ်ခန့်ကြာ ထိုင်းပိုင်နက်သို့ ကျူးကျော်ဝင် ရောက်ခဲ့ပြီး နောက်မိနစ်ပိုင်းကြာတွင် အမေရိကန်ထုတ် ထိုင်းတိုက်လေယာဉ် F-16 နှစ်စီးပျံတက်လာချိန်တွင် MIG-19 သည် မြန်မာပိုက်နက်အတွင်းသို့ ပြန်လည်ရောက်ရှိနေပြီဟုဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်နှင့် KNLA ၊ KNDO ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေမှု ကြောင့် ကရင်တိုင်းရင်းသား ၁၀၀၀ ခန့်သည် ထိုင်းဘက်ခြမ်း ကျေးရွာနှစ်ရွာရှိ ယာယီဒုက္ခ သည်စခန်းသို့ ပြောင်းရွှေ့ခဲ့ရသည်။

ထိုင်းဝန်ကြီးချုပ်က အရေးကြီးသည်မှာ ထိုင်းစစ်တပ်၏ စွမ်းဆောင်ရည်သည် ၎င်း၏ အချုပ်အခြာပိုင်နက်ကို ကာကွယ်နိုင်စွမ်းရှိပြီး လက်ရှိစွမ်းဆောင်ရည်က အနာဂတ်ခြိမ်းခြောက်မှု များကို နိုင်နင်းစွာဖြေရှင်းနိုင်စွမ်းရှိ၊ မရှိကို စစ်ဆေးရန် လိုအပ်ကောင်း လိုအပ်မည်ဟု ပြောကြား သည်။

ကိုးကား – thaienquirer

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ ရုရှားလူငယ် မောင်နှမကို လူသတ်သမားတွေက မြှုပ်နှံထားခဲ့ရာ နေရာမှာ သူတို့အတွက် ရည်စူးပြီး ဆုတောင်းပွဲ တစ်ခုကို ကျင်းပခဲ့ပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြိုဆိုခဲ့တဲ့ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)ထဲ ဝင်ရောက်ဖို့ အားထုတ်မှုတွေကို ထိခိုက်လာစေနိုင်ကြောင်းထိုင်းရဲ့အဓိကအတိုက်အခံ နိုင်ငံရေး ပါတီက သတိပေးလိုက်ပါတယ်။

ဆောင်းပါး

'မင်းအောင်လှိုင်' ရဲ့ ရက် ၁၀၀ မူဝါဒကြေညာချက်ကို ဖတ်ပြီးနောက် ကျွန်တော် ပိုမိုယုံကြည်လာတာက ထိုင်းနိုင်ငံအနေနဲ့ ဒီလူရဲ့ ခရီးစဉ်ကို ပယ်ဖျက်သင့်တယ်ဆိုတာပါ!!