Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ကရင်နီပြည်တွင် တိုက်ပွဲ​ပေါင်း ၃၆၀​ကျော်ဖြစ်၊ စစ်​ကောင်စီတပ်သား တစ်​ထောင်​ကျော်​သေဟု PKPF ထုတ်ပြန်

စစ်ကောင်စီတပ်က တစ်နှစ်ကျော်အတွင်း တိုက်ပွဲများ၌ ​လေကြောင်းတိုက်ခိုက်မှု ၁၃၇ကြိမ်ပြုလုပ်ခဲ့ကာ ဘာသာရေးအဆောက်အဦး ၂၂လုံးပျက်စီးခဲ့ရကြောင်းလည်း ဖော်ပြသည်။

PKPF
PKPF

အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီး နောက်ပိုင်းကရင်နီ(ကယား)ပြည်နယ်အတွင်း တိုက်ပွဲပေါင်း ၃၆၄ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ သေဆုံးသူ ၁,၃၃၆ဦး ရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)က ယနေ့(ဇူလိုင် ၁ ရက်) ထုတ်ပြန်သည်။

ထို့အတူ တိုက်ပွဲများ၌ ကျဆုံးသွားသော ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်နှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၃၂ ဦး ရှိကြောင်း အသိပေးသည်။

PKPF
PKPF

တိုက်ပွဲဖြစ်ပွားမှုနှုန်းအရ ၂၀၂၁တွင် ၁၃၂ ကြိမ်ရှိခဲ့ပြီး ယခုနှစ်အတွင်း၂၃၂ကြိမ်အထိ မြင့်တက်လာကာ စစ်ကောင်စီတပ်သားများသေဆုံးမှုစာရင်းအရလည်း ယမန်နှစ်ထက် ၃၂၄ဦးပိုမိုသေဆုံးခဲ့သည်။

အကြမ်းဖက်စစ်​ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၂ ဇွန်လ ၃၀ရက်အထိ သေဆုံးသွားသောအရပ်သားပြည်သူ ၂၄၁ ဦးရှိကာ စစ်ဘေးရှောင်နေစဥ် သေဆုံးသွားသောပြည်သူ ၃၃ဦးရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က တစ်နှစ်ကျော်အတွင်း တိုက်ပွဲများ၌ ​လေကြောင်းတိုက်ခိုက်မှု ၁၃၇ကြိမ်ပြုလုပ်ခဲ့ကာ ဘာသာရေးအဆောက်အဦး ၂၂လုံးပျက်စီးခဲ့ရကြောင်းလည်း ဖော်ပြသည်။

အလားတူ ကရင်နီဒေသခံပြည်သူ့ နေအိမ် ၁,၁၂၁လုံးပျက်စီးခဲ့ပြီး မတရားဖမ်းဆီးခံထားရသူ ၂၅၃ ဦးရှိကြောင်း PKPF က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။