Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်နယ် အင်္ကုက္ကားရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို လှည့်ကင်းထွက်ချိန် မိုင်းဆွဲတိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီတပ်၏ လှည့်ကင်း တပ်စိပ်အား မိုက်ဆွဲတိုက်ခိုက်ခဲ့သော တော် လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိဘဲ လုံ ခြုံသည့်နေရာသို့ရောက်ရှိပြီဖြစ်ကြောင်း TSO ထံမှ သိရသည်။

(တန့်ဆည်နယ်တွင် စစ်ကောင်စီတပ်အားတိုက်ခိုက်လျှက်ရှိသော တော်လှန်ရေးရဲဘော်များ(ပုံဟောင်း))
(တန့်ဆည်နယ်တွင် စစ်ကောင်စီတပ်အားတိုက်ခိုက်လျှက်ရှိသော တော်လှန်ရေးရဲဘော်များ(ပုံဟောင်း))

တန့်ဆည်မြို့နယ် အင်္ကုက္ကားရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ညလှည့်ကင်းထွက်ချိန် မိုင်းဆွဲတိုက်ခိုက်ကြောင်း Taze Supporting Organization – TSO တပ်ဖွဲ့က ယနေ့(ဇူလိုင် ၁)အသိပေးထုတ်ပြန်သည်။

ယနေ့ည ၉ နာရီခန့်က အင်္ကုက္ကားရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ ဆိုင်ကယ်ရှစ်စီးခန့်၊ အင်အား ၁၅ ဦးပါလှည့်ကင်းအား ရွာအ နောက်ဘက်အထွက် ကျွန်းပင်တန်းအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

“(စကစများ)အခုထိတော့ ရှိနေကြတုန်းပဲဗျ။ မီးထိုးရှာနေကြတယ်။ အထိအခိုက် မသိရသေးဘူး”ဟု TSO မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုဖြစ်အပြီး နာရီပိုင်းခန့်အကြာတွင် တိုက်ခိုက်ခံရသည့်နေရာနှင့် နှစ်မိုင်ခန့်သာဝေးသည့် တန့်ဆည်မြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်မှ သေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်မှုများရှိနေသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“အခု မြို့ပေါ်မှာလည်း သေနတ်တွေဖောက်နေပါတယ်။ အချက်ရေများတယ်”ဟု အထက်ပါရဲဘော်က ဆက်ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ လှည့်ကင်း တပ်စိပ်အား မိုက်ဆွဲတိုက်ခိုက်ခဲ့သော တော် လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိဘဲ လုံ ခြုံသည့်နေရာသို့ရောက်ရှိပြီဖြစ်ကြောင်း TSO ထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။