Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်နယ် အင်္ကုက္ကားရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို လှည့်ကင်းထွက်ချိန် မိုင်းဆွဲတိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီတပ်၏ လှည့်ကင်း တပ်စိပ်အား မိုက်ဆွဲတိုက်ခိုက်ခဲ့သော တော် လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိဘဲ လုံ ခြုံသည့်နေရာသို့ရောက်ရှိပြီဖြစ်ကြောင်း TSO ထံမှ သိရသည်။

(တန့်ဆည်နယ်တွင် စစ်ကောင်စီတပ်အားတိုက်ခိုက်လျှက်ရှိသော တော်လှန်ရေးရဲဘော်များ(ပုံဟောင်း))
(တန့်ဆည်နယ်တွင် စစ်ကောင်စီတပ်အားတိုက်ခိုက်လျှက်ရှိသော တော်လှန်ရေးရဲဘော်များ(ပုံဟောင်း))

တန့်ဆည်မြို့နယ် အင်္ကုက္ကားရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ညလှည့်ကင်းထွက်ချိန် မိုင်းဆွဲတိုက်ခိုက်ကြောင်း Taze Supporting Organization – TSO တပ်ဖွဲ့က ယနေ့(ဇူလိုင် ၁)အသိပေးထုတ်ပြန်သည်။

ယနေ့ည ၉ နာရီခန့်က အင်္ကုက္ကားရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ ဆိုင်ကယ်ရှစ်စီးခန့်၊ အင်အား ၁၅ ဦးပါလှည့်ကင်းအား ရွာအ နောက်ဘက်အထွက် ကျွန်းပင်တန်းအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

“(စကစများ)အခုထိတော့ ရှိနေကြတုန်းပဲဗျ။ မီးထိုးရှာနေကြတယ်။ အထိအခိုက် မသိရသေးဘူး”ဟု TSO မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုဖြစ်အပြီး နာရီပိုင်းခန့်အကြာတွင် တိုက်ခိုက်ခံရသည့်နေရာနှင့် နှစ်မိုင်ခန့်သာဝေးသည့် တန့်ဆည်မြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်မှ သေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်မှုများရှိနေသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“အခု မြို့ပေါ်မှာလည်း သေနတ်တွေဖောက်နေပါတယ်။ အချက်ရေများတယ်”ဟု အထက်ပါရဲဘော်က ဆက်ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ လှည့်ကင်း တပ်စိပ်အား မိုက်ဆွဲတိုက်ခိုက်ခဲ့သော တော် လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိဘဲ လုံ ခြုံသည့်နေရာသို့ရောက်ရှိပြီဖြစ်ကြောင်း TSO ထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook