Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်မြို့အနီးတိုက်ပွဲအခြေအနေ BPLA ထုတ်ပြန်

မနေ့ ဇူလိုင် ၁ ရက် မနက် ၁၁ နာရီခန့်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) က တပ်ဖွဲ့ဝင်တွေဟာ ဖာပွန်မြို့အနီး ရှေ့တန်းတစ်နေရာမှာ မိုင်းထောင် ကင်းပတ်နေစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မောင်းနှင်လာတဲ့ ကားငယ်တစ်စီးနယ်ကျွံဝင်လာတဲ့အတွက် မိနစ်(၂၀)ခန့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

BPLA
BPLA

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေဖြစ်တဲ့ တပ်မဟာ ၅ နယ်မြေ ဖာပွန်မြို့အနီးမှာ ဇူလိုင် ၁ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ KNLA BPLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ BPLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မနေ့ ဇူလိုင် ၁ ရက် မနက် ၁၁ နာရီခန့်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) က တပ်ဖွဲ့ဝင်တွေဟာ ဖာပွန်မြို့အနီး ရှေ့တန်းတစ်နေရာမှာ မိုင်းထောင် ကင်းပတ်နေစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မောင်းနှင်လာတဲ့ ကားငယ်တစ်စီးနယ်ကျွံဝင်လာတဲ့အတွက် မိနစ်(၂၀)ခန့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုက်ပွဲဖြစ်စဉ်အပြီးမှာ စစ်ကောင်စီရဲ့ကားဟာ ပျက်စီးသွားခဲ့ပြီး ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးလုံး သေဆုံးခဲ့ကာ ၄၀ မမ – ၁ လက်၊ AK – ၂ လက်၊ M4 carbine – ၁ လက်၊ G3 – ၁ လက်၊ လက်ပစ်ဗုံး – ၃ လုံး၊ ကျည်နဲ့ ရိက္ခာအနည်းငယ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ BPLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook