Connect with us

Hi, what are you looking for?

သတင်း

ရမည်းသင်းမြို့နယ် အုတ်ဖို(အနောက်)ကျေး ရွာအုပ်ကြီးအိမ်ကို ဗုံးပစ်တိုက်ခိုက်

ထို့ကြောင့် စစ်ကောင်စီအုပ်ချုပ်ရေးမှူး ဝင်းမြင့်(ခ)ငါးဖြူစလင်၏နေအိမ်အား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုအခြေအနေအား ဆက်လက်စုံစမ်းဖြစ်သည်ဟု ရမည်းသင်းPDFမှ ထုတ်ပြန်ထားသည်။

(စစ်​ကောင်စီခန့်ရပ်​ကျေးအုပ်ချုပ်​ရေးမှူး​နေအိမ်)
(စစ်​ကောင်စီခန့်ရပ်​ကျေးအုပ်ချုပ်​ရေးမှူး​နေအိမ်)

ရမည်းသင်းမြို့နယ် အုတ်ဖို(အနောက်)ကျေးရွာမှစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအိမ်ကိုဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်းY-PDF(Yamethin)က ယနေ့(ဇူလိုင် ၃)ထုတ်ပြန်သည်။

ယနေ့မွန်းလွဲ ၂ နာရီက ရမည်းသင်းမြို့နယ် သဲကျွန်းအုပ်စု၊ အုပ်ဖို(အနောက်)ကျေးရွာအုပ်ကြီး ဝင်းမြင့်(ခ)ငါးဖြူစလင်၏နေအိမ်အတွင်းသို့ လက်ပစ်ဗုံးတစ်လုံပစ်သွင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ဝင်းမြင့်(ခ)ငါးဖြူစလင်သည် ကျေးရွာအတွင်းရှိလူငယ်များအား PDF နှင့်အဆက်အသွယ်ပြု လုပ်သည်ဟုအကြောင်းပြကာရဲနှင့်ပေါင်း၍ဖမ်းစီးချုပ်နှောင်ပြီးရိုက်နှက်​ငွေတောင်းနေ သည်မှာ ၉ ယောက် ၁၀ ယောက်ခန့်ရှိပြီဟု အ သိပေးလာသဖြင့် သွားရောက်စုံစမ်းရာမှန်ကန်ကြောင်းထုတ်ပြန်
သည်။

ထို့ကြောင့် စစ်ကောင်စီအုပ်ချုပ်ရေးမှူး ဝင်းမြင့်(ခ)ငါးဖြူစလင်၏နေအိမ်အား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုအခြေအနေအား ဆက်လက်စုံစမ်းဖြစ်သည်ဟု ရမည်းသင်းPDFမှ ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“တစ်မြို့နယ်တည်းနေ​​ပြည်သူအချင်းချင်း​ဖြစ်တဲ့အတွက်အသက်ဆုံးရှုံးသည်အထိ မတိုက် ခိုက်လို​တာကြောင့် ခုလိုတိုက်ခိုက်​ခြင်းဖြစ်ပြီး စကစ လက်ပါးစေများအနေဖြင့် ၎င်းတို့၏ လုပ်ရပ်များကိုရပ်တန်းကရပ်ကြရန်၊ ရမည်းသင်းမြို့နေပြည်သူများအနေဖြင့်လည်း ဆက်လက်ပီး ဝိုင်းဝန်းကူညီပံ့ပိုးပေးပါရန် မေတ္တာ ရပ်ခံပါတယ်”ဟုရမည်းသင်း-PDFမှ ရဲဘော်တစ်ဦးက ပြောသည်။

ရမည်သင်းPDFတပ်ဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်း၏ထောက်တိုင်များအား စစ်ရေးပစ်မှတ်များအဖြစ် တိုက်ခိုက်လျှက်ရှိရာ ဇူလိုင် ၁ ရက်နေ့ညပိုင်းက ရမည်းသင်းမြို့ အုန်းပင်ရပ်ကွက်နေ ကြံ့ဖွံ့ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၏နေအိမ်အား ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ ဆီပုံးတွေတင်လာတဲ့ကားကို ဆိုင်ကယ်က ဝင်တိုက်မိလို့ မီးလောင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၃ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းကျေးရွာအုပ်စုက စစ်ကောင်စီခန့်ရာအိမ်မှူးမြင့်အောင်ဆိုသူကို နေအိမ်သို့ သွားရောက်ပစ်ခတ်ခဲ့ရာ နေရာတင်သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်က ကျေးရွာတချို့ကို စစ်ကောင်စီတပ်က PDF ကို ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်တွင် ငလျင်ကြောင့် သေဆုံးသူ ၂၀၀ကျော်ရှိနေပြီး ထပ်တိုးလာဖွယ်ရှိသည်ဟု အဆိုပါမြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းတစ်ဦးက လူထုနွေဦးသို့ ပြောသည်။