Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမြို့နယ်က ရွာတချို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်က ကျေးရွာတချို့ကို စစ်ကောင်စီတပ်က PDF ကို ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

စက်တင်ဘာ-၂၆၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်က ကျေးရွာတချို့ကို စစ်ကောင်စီတပ်က PDF ကို ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

အုတ်ဖိုမြို့၊ ခြောက်တင်းကွင်းရွာတာဆုံမှာ စစ် ဆေးရေးဂိတ်ချထားတဲ့ စစ်ကောင်စီတပ်သားတွေက မနေ့ စက်တင်ဘာ ၂၅ ရက်က ဆိတ်ကြီးရွာနဲ့ မျောက်ချောကုန်းရွာတွေကို လက်နက်ကြီး ရှစ်လုံးထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

“ခြောက်တင်းကွင်းလမ်းဆုံက ပစ်တာလို့ သိရတယ်ဗျ။ အဲနေရာက တပ်စွဲထားတာတော့ မ ဟုတ်ဘူး။ (စစ်ဆေးရေး)ဂိတ်ချထားတာ”လို့ စစ်ကောင်စီတပ်အခြေအနေကို ဒေသစစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ကျေးရွာအစပ် လယ်ကွင်းတွေထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူတွေ ထိခိုက်မှုရှိမရှိဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ဆိတ်ကြီးရွာနဲ့ မျောက်ချောကုန်းရွာတွေဟာ ရန်ကုန်-ပြည်လမ်း အရှေ့ဘက်ခြမ်းမှာတည်ရှိပြီး ပဲခူးရိုးမပေါ်ကိုတက်ရောက်နိုင်တဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိနေတဲ့ ကျေးရွာတွေလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း စစ်ကောင် စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကြို့ပင်ကောက်မြို့နယ်ထဲမှ သရင်းကုန်း(သရက်ကုန်း) ၊ မြို့ကိုင်း၊ အေးရွာလေးနှင့် အုတ်ဖိုနယ်မှ ကြို့ကိုးပင်၊ ကျွဲဖြူမ၊ ကိုင်းကြီးနဲဲ့ ကွေ့ချောင်းကြီးရွာတွေကို လက်နက်ကြီးအပါအဝင် စက်တပ်လေထီးနဲ့ ဗုံးကြဲတာတွေ လုပ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ အဲဒီပစ်ခတ်ဗုံးကြဲမှုတွေကြောင့် သက်ရင်းကုန်းရွာမှ နေအိမ်တလုံးပေါ်ကျရောက်ပေါက်ကွဲပြီး အမျိုးသားတဦး၊ အမျိုးသမီးတဦး ထိခိုက်သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

Facebook