Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်က​ရေရှင်ရွာမှက​လေးနှစ်​ယောက်မိခင်ကိုအုပ်စုဖွဲ့အဓ္ဓပြုကျင့်ပြီးသားအမိသုံးဦးစလုံးကိုသတ်ဖြတ်

စစ်​ကောင်စီတပ်နှင့်ပျူ​စောထီးအဖွဲ့များသည် ယခုအခါချောင်းခွရွာဘက်သို့ ဦးတည်​သွားနေပြီး ​ရေရှင်ရွာနှင့် ​ချောင်ခွရွာကြားတွင် ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်များနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိသည်။

​ရေရှင်ရွာ
​ရေရှင်ရွာ

●သားအမိသုံးဦးအပါအဝင်ရွာသူရွာသား ၇ ဦး အသတ်ခံရ

ဂန့်ဂေါမြို့၊ ရေရှင်ရွာတွင် စစ်ကောင်စီတပ်က ကလေးနှစ်ယောက်မိခင်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ကလေးနှစ်ဦးအပါအဝင် လူ၇ ဦးကို သတ်ဖြတ်ခဲ့သွားကြောင်း ဒေသခံများက​ပြောသည်။

ပျူစောထီးများပါဝင်သည့် အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ယမန့်(ဇူလိုင် ၄ ရက်)က ဂန့်ဂေါမြို့နယ်၊ မြောက်ပိုင်းရှိ အိမ်​ခြေ၄၀၀ ​ကျော်ရှိ​သောရေရှင်သို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက်အကြမ်းဖက်ခဲ့ခြင်းဖြစ်သည်။

ပြည်သူအချို့ကိုဖမ်းဆီးပြီးသတ်ဖြတ်ပြီး အသက် ၂၂ နှစ်အရွယ်က​လေးနှစ်​ယောက်မိခင်မသန္တာဦးကို ယမန်​နေ့ညတွင်ဖမ်းဆီးပြီးအုပ်စုဖွဲ့ အဓ္ဓပြုကျင့်ကာ သားအမိသုံးဦးစလုံးကိုသတ်သွားခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

သူမ၏သမီးငယ်နှစ်ဦးမှာ အသက် ၁ နှစ်ခွဲ နှင့်အသက် ၅ နှစ်အရွယ်သာရှိ​သေးပြီး က​လေးငယ်နှစ်ဦးကိုပါအကြမ်းဖက်စစ်​ကောင်စီတပ်နှင့်ပျူများက သတ်ဖြတ်သွားကြောင်း ဒေသခံများက​ပြောသည်။ ၎င်းတို့သားအမိတစ်​​တွေအဖြစ်ဆိုးနှင့်ကြုံခဲ့သည်ကို ရွာခံများကမနက်ကြမှသိကြသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

အသတ်ခံရသည့် ကလေးနှစ်ဦးကိုလိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ခြင်းရှိဘ၊မရှိကို သိရှိရန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ နယ်မြေရှင်းလင်းဆောင်ရွက်နေဆဲဖြစ်သည်ဟုလည်းသိရသည်။

“အခုကာလက ထိတွေ့မှုဖြစ်နေဆဲဖြစ်လို့ အခြေအနေတွေကို သေချာမသိရသေးဘူး”ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်မဟာ ၇ ၊ တပ်ရင်း ၇၀၃ မှ ပြန်ကြားရေးတာဝန်ခံကပြောသည်။

ထိုအပြင် စစ်ကောင်စီတပ်နှင့်ပျူများသည် အသက် ၅၀ အရွယ် စိတ်မနှံသူတစ်ဦးအပါအဝင် ရွာသား ၄ ဦးကိုပါပစ်​ခေတ်သတ်ဖြတ်သွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

စစ်​ကောင်စီတပ်က ရေရှင်ရွာအတွင်းမှ နေအိမ် ၅ လုံးကိုမီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာအတွင်းရှိ စာသင်ကျောင်းတွင်လည်း မိုင်းများထောင်ခဲ့သည်ဟု ဒေသခံများကပြောသည်။စစ်​ကောင်စီစစ်​ကြောင်းများသည်တစ်လလျှင်တစ်ကြိမ်ထို​ဒေသရှိရွာများသို့စစ်​ကြောင်းထိုးကာ စားနပ်ရိက္ခာများလုယက်၍ အကြမ်းဖက်​​လေ့ရှိပြီး ​ရေရှင်းရွာသို့ယခင်မလာဘူးဘဲ ရွာတွင် PDFများမရှိချိန်တွင် ဝင်​ရောက်အကြမ်းဖက်သွားခြင်းဖြစ်​ကြောင်း​ဒေသခံများက​ပြောသည်။

စစ်​ကောင်စီတပ်နှင့်ပျူ​စောထီးအဖွဲ့များသည် ယခုအခါချောင်းခွရွာဘက်သို့ ဦးတည်​သွားနေပြီး ​ရေရှင်ရွာနှင့် ​ချောင်ခွရွာကြားတွင် ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်များနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။