Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်က​ရေရှင်ရွာမှက​လေးနှစ်​ယောက်မိခင်ကိုအုပ်စုဖွဲ့အဓ္ဓပြုကျင့်ပြီးသားအမိသုံးဦးစလုံးကိုသတ်ဖြတ်

စစ်​ကောင်စီတပ်နှင့်ပျူ​စောထီးအဖွဲ့များသည် ယခုအခါချောင်းခွရွာဘက်သို့ ဦးတည်​သွားနေပြီး ​ရေရှင်ရွာနှင့် ​ချောင်ခွရွာကြားတွင် ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်များနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိသည်။

​ရေရှင်ရွာ
​ရေရှင်ရွာ

●သားအမိသုံးဦးအပါအဝင်ရွာသူရွာသား ၇ ဦး အသတ်ခံရ

ဂန့်ဂေါမြို့၊ ရေရှင်ရွာတွင် စစ်ကောင်စီတပ်က ကလေးနှစ်ယောက်မိခင်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ကလေးနှစ်ဦးအပါအဝင် လူ၇ ဦးကို သတ်ဖြတ်ခဲ့သွားကြောင်း ဒေသခံများက​ပြောသည်။

ပျူစောထီးများပါဝင်သည့် အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ယမန့်(ဇူလိုင် ၄ ရက်)က ဂန့်ဂေါမြို့နယ်၊ မြောက်ပိုင်းရှိ အိမ်​ခြေ၄၀၀ ​ကျော်ရှိ​သောရေရှင်သို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက်အကြမ်းဖက်ခဲ့ခြင်းဖြစ်သည်။

ပြည်သူအချို့ကိုဖမ်းဆီးပြီးသတ်ဖြတ်ပြီး အသက် ၂၂ နှစ်အရွယ်က​လေးနှစ်​ယောက်မိခင်မသန္တာဦးကို ယမန်​နေ့ညတွင်ဖမ်းဆီးပြီးအုပ်စုဖွဲ့ အဓ္ဓပြုကျင့်ကာ သားအမိသုံးဦးစလုံးကိုသတ်သွားခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

သူမ၏သမီးငယ်နှစ်ဦးမှာ အသက် ၁ နှစ်ခွဲ နှင့်အသက် ၅ နှစ်အရွယ်သာရှိ​သေးပြီး က​လေးငယ်နှစ်ဦးကိုပါအကြမ်းဖက်စစ်​ကောင်စီတပ်နှင့်ပျူများက သတ်ဖြတ်သွားကြောင်း ဒေသခံများက​ပြောသည်။ ၎င်းတို့သားအမိတစ်​​တွေအဖြစ်ဆိုးနှင့်ကြုံခဲ့သည်ကို ရွာခံများကမနက်ကြမှသိကြသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

အသတ်ခံရသည့် ကလေးနှစ်ဦးကိုလိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ခြင်းရှိဘ၊မရှိကို သိရှိရန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ နယ်မြေရှင်းလင်းဆောင်ရွက်နေဆဲဖြစ်သည်ဟုလည်းသိရသည်။

“အခုကာလက ထိတွေ့မှုဖြစ်နေဆဲဖြစ်လို့ အခြေအနေတွေကို သေချာမသိရသေးဘူး”ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်မဟာ ၇ ၊ တပ်ရင်း ၇၀၃ မှ ပြန်ကြားရေးတာဝန်ခံကပြောသည်။

ထိုအပြင် စစ်ကောင်စီတပ်နှင့်ပျူများသည် အသက် ၅၀ အရွယ် စိတ်မနှံသူတစ်ဦးအပါအဝင် ရွာသား ၄ ဦးကိုပါပစ်​ခေတ်သတ်ဖြတ်သွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

စစ်​ကောင်စီတပ်က ရေရှင်ရွာအတွင်းမှ နေအိမ် ၅ လုံးကိုမီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာအတွင်းရှိ စာသင်ကျောင်းတွင်လည်း မိုင်းများထောင်ခဲ့သည်ဟု ဒေသခံများကပြောသည်။စစ်​ကောင်စီစစ်​ကြောင်းများသည်တစ်လလျှင်တစ်ကြိမ်ထို​ဒေသရှိရွာများသို့စစ်​ကြောင်းထိုးကာ စားနပ်ရိက္ခာများလုယက်၍ အကြမ်းဖက်​​လေ့ရှိပြီး ​ရေရှင်းရွာသို့ယခင်မလာဘူးဘဲ ရွာတွင် PDFများမရှိချိန်တွင် ဝင်​ရောက်အကြမ်းဖက်သွားခြင်းဖြစ်​ကြောင်း​ဒေသခံများက​ပြောသည်။

စစ်​ကောင်စီတပ်နှင့်ပျူ​စောထီးအဖွဲ့များသည် ယခုအခါချောင်းခွရွာဘက်သို့ ဦးတည်​သွားနေပြီး ​ရေရှင်ရွာနှင့် ​ချောင်ခွရွာကြားတွင် ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်များနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။