Connect with us

Hi, what are you looking for?

သတင်း

ရွှေကျင်ထဲကရွာအချို့ စစ်တပ်ကြောင့် သွားလာရေးခက်ခဲနေ

အခုလို စစ်ကောင်စီက ဒေသခံပြည်သူတွေအပေါ် ကုန်းလမ်းရေလမ်းသွားလာရေးအတွက် အမိန့်ထုတ်ပြန်လိုက်တဲ့အပြင် ရွှေကျင်မြို့နယ်အတွင်းမှာ ဇူလိုင် ၅ ရက်နေ့က စတင်ကာ မနက် ၆ နာရီကနေ ည ၆ နာရီအထိသာ သွားလာရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိတာပါ။

ရွှေကျင်ထဲကရွာအချို့ စစ်တပ်ကြောင့် သွားလာရေးခက်ခဲနေ
ရွှေကျင်ထဲကရွာအချို့ စစ်တပ်ကြောင့် သွားလာရေးခက်ခဲနေ

ကေအဲန်ယူ-ခလယ်လွီထူခရိုင် တပ်မဟာ ၃ နယ်မြေ ဆောထိ(ရွှေကျင်)မြို့နယ်အတွင်းက ရွှေကျင်ချောင်း၊ ကတက်ချောင်းနဲ့ မဒမချောင်းအနီးနေထိုင်တဲ့ဒေသခံတွေရဲ့ ခရီးသွားလာမှုကို စစ်ကောင်စီတပ်က ခက်ခဲအောင်လုပ်နေတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ဇူလိုင် ၆ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ ခမရ(၅၈၉)တပ်ရင်းက ဗိုလ်မှူးချမ်းမြေ့အောင်ဦးဆောင်တဲ့ လက်နက်အပြည့်အစုံနဲ့ တပ်ဖွဲ့ဝင်အင်အားလေးဦးဟာ ရွှေကျင်မြို့နယ် ပျဉ်းမပင်ရပ်ကွက်မှာနေထိုင်တဲ့ စက်လှေမောင်းတဲ့ ဒေသခံပြည်သူတွေကို ခေါ်ယူပြီး ပျဉ်းမပင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့တာပါ။

အဆိုပါအစည်းအဝေးမှာ လာမယ့် ဇူလိုင် ၉ ရက်နေ့ကစပြီး စက်လှေမောင်းတဲ့ ပြည်သူတွေကို ကုန်းလမ်းကနေဖြစ်စေ၊ ရေလမ်းကနေဖြစ်စေ ရိက္ခာတင်ဆောင်တာနဲ့ ခရီးသွားလာရာမှာ စစ်ကောင်စီရဲ့ ထောက်ခံစာနဲ့ အသွားအလာပြုလုပ်ရမှာဖြစ်ပြီး အမိန့်ဖောက်ဖျက်ကျူးလွန်တဲ့ပြည်သူတွေကို စစ်ဆေးတွေ့ရှိပါက တင်ဆောင်လာတဲ့ပစ္စည်းတွေ သိမ်းဆည်းမှာဖြစ်ကြောင်းနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်တဲ့အကြောင်း ကေအဲန်ယူက ပြောပါတယ်။

Public Service Announcement
Public Service Announcement

အဆိုပါဒေသမှာနေထိုင်တဲ့ ဒေသခံပြည်သူတွေအနေနဲ့ စားဝတ်နေရေးပြသနာဖြေရှင်းရာမှာ ရွှေကျင်ချောင်း၊ ကတက်ချောင်းနဲ့ မဒမချောင်းအနီးတစ်လျှောက်မှာ ကုန်းလမ်းဖြစ်စေ ရေလမ်းဖြစ်စေ ခြံစိုက်ခင်းကထွက်တဲ့ အသီးအနှံနဲ့ ရိက္ခာတွေကို တင်ဆောင်ကာ စားဝတ်နေရေးအတွက် ဖြေရှင်းနေရတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အခုလို စစ်ကောင်စီက ဒေသခံပြည်သူတွေအပေါ် ကုန်းလမ်းရေလမ်းသွားလာရေးအတွက် အမိန့်ထုတ်ပြန်လိုက်တဲ့အပြင် ရွှေကျင်မြို့နယ်အတွင်းမှာ ဇူလိုင် ၅ ရက်နေ့က စတင်ကာ မနက် ၆ နာရီကနေ ည ၆ နာရီအထိသာ သွားလာရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိတာပါ။

ဒေသခံပြည်သူတွေအနေနဲ့ သွားလာရေးနဲ့ နောက်ဆက်တွဲ လူ့အခွင့်အရေးချိုးဖောက်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ သွားလာလှုပ်ရှားနေရတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။