Connect with us

Hi, what are you looking for?

သတင်း

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး စစ်ကောင်စီဝန်ကြီးကို တက်ရောက်ခွင့်မပြု

အာဆီယံထိပ်သီးအစည်းအဝေးနှင့်အတူ (၁၂)ကြိမ်မြောက် အရှေ့အာရှနိုင်ငံခြားနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးလည်း ကျင်းပမည်ဖြစ်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားထားသည်။

(ဖေဖော်ဝါရီတွင် ဖနွမ်းပင်၌ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကို တွေ့ရစဉ်၊ဓာတ်ပုံ - Reuters)
(ဖေဖော်ဝါရီတွင် ဖနွမ်းပင်၌ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကို တွေ့ရစဉ်၊ဓာတ်ပုံ - Reuters)

▪️​ဒေသတွင်း အစည်းအဝေးတွင်ပင် ဒုတိယအကြိမ်မြောက်ဖယ်ကြဉ်ခံရခြင်းဖြစ်

ဇူလိုင်လကုန်တွင်ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင်မြန်မာစစ်ကောင်စီဝန်ကြီးကိုတက်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း ကမ္ဘောဒီးယာနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို အာဆီယံက ဖယ်ကြဉ်ထားခြင်းသည် ဒုတိယအကြိမ်မြောက်ဖြစ်သည်။

“အာဆီယံဘုံဆုံးဖြတ်ချက်၅ရပ်တိုးတက်မှုမရှိပါက အာဆီယံဥက္ကဌနဲ့အခြားအဖွဲ့ဝင်နိုင်ငံတွေရဲ့ဘုံဆုံးဖြတ်ချက်အရ”ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonnက စစ်ကောင်စီ​၏ နိုင်ငံခြားရေးဝန်ကြီးထံပေးပို့သောစာ၌ ဖော်ပြထားသည်။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးအစား နိုင်ငံရေးနှင့်မသက်ဆိုင်သောကိုယ်စားလှယ်(non-political representative)ကိုသာ အာဆီယံက ဖိတ်ကြားသွားမည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

လာမည့်အာဆီယံထိပ်သီးအစည်းအဝေးကို ဇူလိုင် ၃၀ မှ ဩဂုတ် ၆ ရက်အထိ အလှည့်ကျဥက္ကဌနိုင်ငံကမ္ဘောဒီးယား၌ ကျင်းပသွားမည်ဖြစ်သည်။

အာဆီယံထိပ်သီးအစည်းအဝေးနှင့်အတူ (၁၂)ကြိမ်မြောက် အရှေ့အာရှနိုင်ငံခြားနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးလည်း ကျင်းပမည်ဖြစ်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားထားသည်။

ထို့အပြင် ဩစေတြးလျ၊ ကနေဒါ၊ တရုတ်၊ အီးယူ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှား၊ အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်၊ မြောက်ကိုရီးယား၊ မွန်ဂိုလီယား၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ တီမောလက်စတီ၊ ပါပွာနယူးဂီနီယာစသည့်နိုင်ငံများလည်း (၂၉)ကြိမ်မြောက် အာဆီယံဒေသတွင်းဖိုရမ်ကို ကမ္ဘောဒီးယား၌ ကျင်းပမည်ဖြစ်သည်။

ကိုးကား – Anadolu Agency

ဆက်စပ်သတင်းများ

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။